Online ရန်အောင် ပြေတီဦး ဝတ်မှုန်ရွှေရည်နဲ့ အခြား အနုပညာရှင်ပေါင်းများစွာပါဝင်ရိုက်ကူးနေတဲ့ ဝက်ဝက်ကွဲအောင်ပွင့် ဇာတ်ကားရဲ့ ရုပ်ရှင်ရိုက်ကွင်းမှာ အခြားသူတွေရိုက်နေတုန်း scene ထဲမပါသေးတဲ့ ပြေတီဦးနဲ့ ဝတ်မှုန်ရွှေရည်တို့ အပြန်အလှန်ပြောနေတဲ့ အကယ်ဒမီနဲ့ပါတ်သတ်တဲ့စကားသံတွေအမှတ်မထင် ပေါက်ကြားသွားခဲ့ပါတယ် ။ ဘေးကလူ Live လွှင့်နေတာကိုသတိမထားမိဘဲစိတ်ထဲရှိသလိုပြောဆိုနေကြတဲ့ သူတို့ရဲ့စကားသံတွေကို live ဝင်ကြည့်မိတဲ့ပရိတ်သတ်တွေက ကြားသွားရာကစပြီး တစ်ဆင့်တစ်ဆင့် Share ကြရင်း ပျံနှံကုန်တာပါ ... Live ထဲမှာ ချစ်လှစွာသောအမုန်းဇာတ်ကားရဲ့ အကယ်ဒမီဆုနဲ့ပါတ်သတ်ပြီး ပြောနေခဲ့တာဖြစ်ပါတယ် ... ပြေတီဦးက ဝတ်မှုန်ရွှေရည်သာ ဇာတ်ဆောင်ဆုကိုရသင့်ကြောင်းပြောနေခဲ့ပြီး ဝတ်မှုန်ရွှေရည်က မိန်းသရုပ်ဆောင်ဖြစ်သော်လည်း သက်မွန်မြင့်သာရသွားပါက Fan တွေကြားပြသာနာတတ်လာနိုင်တယ်လို့ပြောဆိုခဲ့ပါတယ် ။ ဝတ်မှုန်ရွှေရည်ကတော့ အတတ်နိုင်ဆုံးလုပ်ခဲ့တာမို့ မရလဲ မရဘူးလို့ပဲတွေးရမှာ စသည်ဖြင့်အပြန်အလှန်စကားတွေပြောနေခဲ့တာပါ ... ( ကိုယ်တိုင်နားထောင်ဖို ့Live Video လင့်တွေကိုအောက်မှာထည့်ပေးထားပါတယ် )

ချစ်လှစွာသောအမုန်းမှာ သက်မွန်မြင့်ရဲ့ခံစားချက်က ခေါင်းစဉ်မို့ ဇာတ်ဆောင် က ဝတ်မှုန်ရွှေရည်မဟုတ်ဘဲ သက်မွန်မြင့်ပါလို့လဲ တစ်ချို့ပရိတ်သတ်တွေကဝေဖန်ပြောဆိုနေကြပါတယ် ... စတင် live လွှင့်တဲ့သူက live တွေကို အမြန်ပြန်ဖျက်သွားပေမယ့် Download ဆွဲထားလိုက်တဲ့သူတွေကပြန်ဖြန့်ဝေနေကြတာပါ ... ဒီ Vedio ကစကားသံတွေအပေါ် အထူးသဖြင့် သက်မွန်ရဲ့ပရိတ်သတ်တွေက ဒေါသထွက်နေကြပြီး မှတ်ချက်တွေပေး မျှဝေနေကြပါတယ် ... တကယ်အကယ်ဒမီပေးပွဲနေ့ရောက်တဲ့အခါ အမျိုးသမီးအကယ်ဒမီဇာတ်ဆောင်ဆုရှင် ဘယ်သူဖြစ်မလဲဆိုတာတော့ ... စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ် ...

Video Source : Ko Kyaw Gyi FB

သတင်းအရင်းမြစ် ပြေတီဦးဝတ်မှုန်ရွှေရည် Part - 1

သတင်းအရင်းမြစ် ပြေတီဦးဝတ်မှုန်ရွှေရည် Part - 2

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။