နှလုံးသားရှိတဲ့ လူသားတိုင်းမှာ ချစ်ခြင်းမေတ္တာတရားဆိုတာ ရှိစမြဲပါ။ လူသားတင်မဟုတ်ပါဘူး....တိရစ္ဆာန်တွေမှာလဲ ချစ်ခြင်းတရာရှိပါတယ်။ ချစ်ခြင်းတရားရှိလို့လဲ အိမ်မွေးတိရစ္ဆာန်တွေ ကိုယ်မွေးထားတဲ့ တိရစ္ဆာန်တွေက ကိုယ့်အပေး သစ္စာရှိကြတာပါပဲဖြစ်ပါတယ်။ လူတွေခေါ်တဲ့ အချစ်ငှက်ဆိုတာတွေတောင်ရှိကြတာပဲ။ တချို့ငှက်ပုံစံတွေက ခေါင်းချင်းဆိုင်လိုက်ရင် အချစ်သင်္ကေတ အသည်းနှလုံးပုံစံပေါ်နေတာကို တွေ့နိုင်ပါတယ်။  

အခုဆိုရင်လဲ လက်ထပ်ပြီးခါစ သိမ်းငှက်လင်မယားဟာ လက်ထပ်တာ ဘယ်လောက်ထိပျော်ဖို့ကောင်းလဲဆိုတာကို ကောင်းကင်မှာ အောက်တို့ ခြေချင်းချိတ်ကာ ချစ်ချင်စဖွယ် ထိုးချခဲ့ပါတယ်။ သူတို့ဟာ နှစ်တိုင်းမှာ အတူတူ အသိုက်တို့ပြန်လေ့ရှိပါတယ်။ သူတို့နှစ်ကောင်က တွေ့ဆုံတဲ့အခါတိုင်း အဲ့လိုချိတ်ပြီ တွေ့ဆုံးကြပါတယ်။ သိမ်းငှက်တွေကလဲ ဘယ်လိုတွေကြောင့်များ ခုလိုလုပ်ကြတာပါလိမ့်။

တိရစ္ဆာန်တိုင်းက သူတို့အတွက် အလားအလာရှိတဲ့ အဖော်ကို စမ်းသပ်လေ့ရှိပါတယ်။ ကျွန်တော်တို့လူသားတွေ အချစ်ကို ပေါ့တန်တန်သဘောထားပြီး ချိတ်တွေ့နေချိန်မှာ တိရစ္ဆာန်တွေကတော့ အဲ့လိုမဟုတ်ကြပါဘူး။ သိမ်းငှက်တွေဟာ အခုလို ကောင်းကင်ပေါ်ကနေ တစ်ယောက်ကို တစ်ယောက်ချိတ်ပြီး မြေကြီးပေါ်ကို တဟုန်းထိုး ထိုချနေချိန်မှာ အချိန်မှီ မဖြုတ်နိုင်ရင် မြေကြီးနဲ့တိုက်ပြီ သေတတ်ကြပါတယ်။ ဒါပေမဲ့ အချစ်ကိုပေါ့တန်တန်ထားပြီး ချိန့်တွေ့တာထက် အခုလိုချိန်တွေတာက ပိုကောင်းတုန်းပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။