ပြည်တွင်း မြန်မာ့ပညာရေးကတော့ ပရိသတ်တွေသိရှိပြီးတဲ့အတိုင်း မပြည့်မစုံနဲ့ ရပ်တည်နေရတဲ့ ကျောင်းပေါင်းများစွာရှိနေတာပဲဖြစ်ပါတယ်။ အဆိုပါ ကျောင်းတွေထဲမှာ သီတဂူဆရာတော်ကြီးနာမည်ဖြင့် ကိုယ်တိုင်ဦးစည်းဖွင့်လှစ်ထားတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ သီတဂူအခြေခံပညာမှုလတန်းကျောင်းလည်း ပါဝင်နေတာတွေ့ရပါတယ်။  

ကျောင်းအတွင်း လိုအပ်ချက်တွေများစွာရှိနေပြီး လာရောက်သင်ကြားလျှက်ရှိတဲ့ ဆရာဆရာမကြီးရေလည်း အလွန်နည်းပါးလျှက်ရှိကြောင်း သိရပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၉၇က်နေ့မှာတော့ သီတဂူဆရာတော်ကြီးကတော့ အဆိုပါ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ လုံခင်းကျေးရွာအုပ်စု ကန်ဆီးဟောကျေးရွာ ဆောက်လုပ်လှူဒါန်းထားတဲ့ သီတဂူအခြေံခံပညာမှုလတန်းကျောင်းလေးကို ကိုယ်တိုင်ကြွရောက်ခဲ့ပြီး လိုအပ်ချက်များစွာကို ဖြည့်စည်းလှူဒါန်းခဲ့တာတွေ့ရပါတယ်။  

ကျောင်းကို ဒီကနေ့ နံနက် ၉နာရီလောက်က ရောက်ရှိခဲ့ပြီး ကျောင်းသားများကို စာရေးကိရိယာအစုံ၊ အကျီၤတစ်ထည်၊ မုန့်ပုံးတစ်ဗုံးနှင့် ငွေတစ်သိန်းစီ ပေးကာ လာရောက်သင်ကြားပေးနေတဲ့ ဆရာမငါးဦးအား တစ်နှစ်တာထောက်ပံလှူဒါန်းငွေ (၄၈)သိန်းတိတိပေးအပ်ခဲ့ကြောင်း သိရပါတယ်။ ဒါအပြင် ကျေးရွာရှိ ဆရာတော်(၃)ပါးနှင့် ခရစ်ယာန်ဓမ္မဆရာ တစ်ဦးကို ၅သိန်းနှင့် စောင်တစ်ထည်စီပေးကာ ကျေးရွာစာသ်ကျောင်းကို ငွေကျပ်(၁၀) သိန်းတိတိလှူဒါန်းခဲ့ကြောင်း သိရပါတယ်။ မဖွံ့ဖြိုးသေးတဲ့ မြန်မာ့ကျေးလက်ဒေသတွေမှာ သွားရောက်လှူဒါန်းမှုတွေပြုလုပ်နေတဲ့ သီတဂူဆရာတော်ကြီးရဲ့ ပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - သီတဂူသတင်းအဖွဲ့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။