Victoria Beckham နဲ့ David Beckham တို့ဟာ ကမ္ဘာပေါ်မှာ စတိုလ်အကျဆုံး အတွဲတွေထဲက တစ်တွဲပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တနင်္လာနေ့ညက ပွဲတစ်ပွဲရဲ့ ညစာစားပွဲကို style ကျတဲ့ fashion နဲ့ တက်ရောက်ခဲ့ပါတယ်။ သူတို့ရဲ့ fashion တွေဟာဆိုရင် ဘာမှ ဆန်းဆန်းပြားပြား ပါရှိထားခြင်းမရှိပဲ ရိုးရှင်းပြီး ကြည့်သူအမြင်မှာ style ကျနေပါတယ်။ Victoria ကတော့ ကမ္ဘာကျော် ဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး David ကတော့ ဂန္တဝင်ကမ္ဘာကျော် ဘောလုံးကစားသမားတစ်ယေက်ဖြစ်ကာ ခုချိန်မှာတော့ model တစ်ယောက်ဖြဟ်ပါတယ်။ 

အသက် ၄၄နှစ်ရှိပြီဖြစ်တဲ့ Victoria ကို အသက်၄၃နှစ်ရှိပြီဖြစ်တဲ့ David တို့ဟာ ညစာစားပွဲကို တစ်ယောက်လက်တစ်ယောက်ကိုင်ကာ ဓတ်လှေကားနားရောက်ကာ သူ့မိန်းမကို ညင်ညင်သာသာလေး ခါးကိုကိုင်ကာ ဓာတ်လှေကားထဲ ဝင်ခဲ့ပါတယ်။ အဲ့ပွဲမှာဆိုရင်တော့ David ရဲ့သူငယ်ချင်းဖြစ်တဲ့ Gordon Ramsay နဲ့ သူရဲ့မိန်းမဖြစ်သူ Tana Ramsay တို့နှင့်လဲတွေဆုံကာ ဓာတ်ပုံအတူတူ ရိုက်ခဲ့ပါတယ်။ Gordon ကတော့ အသက်၅၂နှစ်ရှိပြီး နာမည်ကြီး စားဖိုးမှု တစ်ယောက်ဖြစ်ကာ သူရဲ့မိန်းမကတော့ အသက်၄၄နှစ်ရှိပြီး ဟင်းချက်စာအုပ်ရေးတဲ့သူပဲဖြစ်ပါတယ်။

New Year ညမှာ Gordonဟာ သူ့ရဲ့မိန်းမမှာ ငါးယောက်မြောက်ကလေး ကိုယ်ဝန်ကို လွယ်ထားရကြောင်း ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီးတော့ David နဲ့ Victoria တို့ရဲ့နောက်ထပ် သူငယ်ချင်းဖြစ်တဲ့ Elton John ရဲ့ယောကျ်ားဖြစ်သူ David Furnish လဲတက်ရောက်ခဲ့ပါတယ်။ အဲ့ပွဲကိုတက်ရောက်ခဲ့တဲ့ အခြား အနုပညာရှင်တွေကတော့ Olly Murs, Maya Jama, Tom Hughes နဲ့ Tinie Tempah တို့ပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် အဲ့ညမှာတက်ရောက်ခဲ့တဲ့ Fashion ပုံစံတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်။ 

Source : Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။