ချယ်လ်ဆီးအသင်းနည်းပြဆာရီသည် အသင်းမှကျင့်သုံးနေသောအသက်၃၀ကျော် ကစားသမားများ၏ စာချုပ်သက်တမ်းတိုးမြှင့်မှုကို ပြင်ဆင်သွားမည်ဟုပြောကြားခဲ့ကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းသည် အသင်းရှိ အသက်၃၀ ကျော်သည့် ကစားသမားများကို စာချုပ်သက်တမ်းတိုးမြှင့်ရာတွင် တစ်နှစ်ထက်မပိုသော စာချုပ်ဖြင့်သာချုပ်ဆိုရန် ချမှတ်ထားသည်။ အဆိုပါချမှတ်မှုသည် အသင်းအတွက်အကျိုးရှိသည့် ချမှတ်မှုမဟုတ်သကဲ့သို့အသင်း၏လူအင်အားကို ဟန်ချက်ညီအောင်လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ၎င်းကသုံးသပ်ခဲ့သည်။  

အသင်းတစ်သင်းတွင် အတွေ့အကြုံရင့်ကျက်သည့် ကစားသမားများနှင့် ပေါင်းစပ်အသုံးပြုနိုင်မှသာ ဟန်ချက်ညီသည့်အသင်းအဖြစ်ပုံဖော်နိုင်မည် ဖြစ်ကြောင်း နည်းပြဆာရီကထောက်ပြခဲ့သည်။ ချယ်လ်ဆီးအသင်းသည် အသက်၃၁ နှစ်ရှိ ဖာဘရီဂတ်စ်ကို စာချုပ်ကမ်းလှမ်းခဲ့ရာတွင် ၎င်းတို့၏ချမှတ်ထားသော စည်းမျဉ်းအရတစ်နှစ်သက်တမ်းဖြင့်သာ ကမ်းလှမ်းခဲ့သည်။ ဖာဘရီဂတ်စ်အနေနဲ့အနည်းဆုံးစာချုပ်သက်တမ်းနှစ်နှစ်ရှိမှသာ ချုပ်ဆိုရန်ဆန္ဒရှိသော်လည်း အသင်းက၎င်းကို တစ်နှစ်စာချုပ်ဖြင့်သာ ကမ်းလှမ်းခဲ့သည်။  

နည်းပြဆာရီက " ကျွန်တော့်အမြင်ကတော့ အသက်၃၀ ကျော်တဲ့ ကစားသမားများကို တစ်နှစ်သက်တမ်းသာ စာချုပ်ချုပ်ဆိုရမဲ့ဆိုတဲ့ အချက်ကိုမနှစ်သက်ပါဘူး။ အခြေအနေပေါ်မူတည်ပြီး ကမ်းလှမ်းသင့်ပါတယ်။ တချို့နေရာတွေအတွက်တော့အသက် ၃၀ လောက်အထိပဲကောင်းပါတယ်။ ဒါပင်မဲ့ နေရာတိုင်းအတွက်တော့ မဟုတ်ပါဘူး။ တချို့နေရာတွေကျတော့ အတွေ့အကြုံရင့်လေပိုကောင်းလေပါ။ ဖြစ်နိုင်ရင်တော့ ဒါကိုပြောင်းလဲပြစ်ဖို့အတွက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ် " ဟုပြောကြားသွားခဲ့ပါတယ်။ ထို့အပြင် ကွင်းလယ်ဖန်တီးရှင် ကစားသမားတစ်ဦးအတွက် အသက်အရွယ်အရ အသက်၃၁ နှစ်သည် အချိန်အခါကောင်းဖြစ်သကဲ့သို့ ဂိုးသမားနေရာနှင့်ဗဟိုခံစစ် နေရာတို့သည်လည်း အတွေ့အကြုံရှိသည့်ကစားသမားများက လူငယ်ကစားသမားများထက် သာလွန်ကောင်းမွန်အောင် ကစားနိုင်ကြောင်းတွေ့ရသည်။

Source - Sky Sports 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။