Myanmar Idol ရဲ့ အမာခံပရိသတ်လေး အကယ်ဒမီအူဝဲ

မြန်မာနိုင်ငံရဲ့ နာမည်ကျော် မင်းသမီးတစ်ဦးဖြစ်သူ ထိပ်တန်းဝါရင့် သရုပ်ဆောင်ကြီးများကပင် ချီးကျူးရသူကတော့ ပရိသတ်အချစ်တော် အကယ်ဒမီ အိန္ဒြာကျော်ဇင်ပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ မင်းသမီးခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့ပြီး ယနေ့ထက်ထိတိုင် ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာ ရပ်တည်နေဆဲ မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။

အူဝဲတစ်ယောက်ကတော့ Myanmar Idol ရဲ့ အမာခံပရိသတ်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အရည်အချင်းရှိ အဆိုတော်တွေကို မွေးထုတ်ပေးနေတဲ့ Myanmar Idol အစီအစဉ်ဟာ လက်ရှိမှာတော့ အအောင်မြင်ဆုံး TV Program တစ်ခုလည်းဖြစ်ပါတယ်။ အူဝဲတစ်ယောက် ဘယ်လောက်ထိတောင် အားပေးသလည်း ဆိုရင် ညဘက်ရှုတင်ရိုက်နေရင်းတောင် ရှုတင်ခဏ break ပြီး ကြည့်သတဲ့လေ……

မနေ့ညကတော့ Myanmar Idol ရဲ့ Semi-final night ဖြစ်တယ်လို့ သိရပါတယ်။ မနေ့ညကပွဲမှာ အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်က Myanmar Idol live လွှင့်နေတာကို နောက်ခံထားပြီး #MMIDSelfie ဆိုပြီး ရိုက်ဖို့တိုက်တွန်းခဲ့ပါတယ်။ လူမှုကွန်ယက်ပေါ်မှာ #MMIDSelfie ဆိုပြီး လူအများတင်ခဲ့ကြပြီး အကယ်ဒမီ အူဝဲလည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ အခြားသော အနုပညာရှင်များလည်း တင်ခဲ့ကြပြီး ဒီထဲကမှ MMID Final Night အတွက် လက်မှတ်မဲနှိုက်ပေးမှာ ဖြစ်ပါတယ်။ ဒါနဲ့ အူဝဲက မနှစ်က MMID မှာ Winner စောလားထော်ဝါးကို အားပေးခဲ့တာတဲ့နော်………

Source: Eaindra Kyaw Zin

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။