အင်္ဂလန်ပရီးမီးယားလိဒ်ရဲ့ထိပ်သီးအသင်းဖြစ်တဲ့စပါအသင်းဟာမကာခင်မှာသူတို့ရဲ့အိမ်ကွင်းကြီးကိုဖွင့်လှစ်တော့မှာဖြစ်ပါတယ်။ချန်ပီယံလိဂ်ပြိုင်ပွဲတွေကိုယှဉ်ပြိုင်ရတာကြောင့်အသင်းရဲ့အိမ်ကွင်းကိုအဆင့်မှီမှီတည်ဆောက်နေတာပါ။ခုမှာတော့စပါးအသင်းရဲ့အိမ်ကွင်းအသစ်ကြီးကပြီးဆုံးခဲ့ပြီးအိမ်ကွင်းပွဲတွေကိုကစားရတော့မှာဖြစ်ပါတယ်။မကြာခဏဆိုသလို ကွင်းသစ်ဖွင့်ဖို့ အခက်အခဲတွေ ရှိနေပြီး ကြန့်ကြာနေခဲ့တဲ့ စပါးအသင်းဟာ လာမယ့် မတ်လအတွင်းမှာတော့ ဖွင့်လှစ်နိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ပရိသတ် ၆ သောင်း ၂ ထောင်ကျော်ဝင်ဆန့်တဲ့ ကွင်းကြီးကို ၂၀၁၂ ခုနှစ် စက်တင်ဘာလကတည်းက ဆောက်လုပ်နေခဲ့တာဖြစ်ပြီး ပေါ့ပြူးလော့စ်ကုမ္ပဏီက အဓိက ဒီဇိုင်းရေးဆွဲခဲ့တာပါ။လျှပ်စစ်ပြဿနာ၊ ရေပြဿနာတွေကြောင့် ကွင်းဖွင့်ပွဲရက်ကို မကြာခဏ ပြောင်းလဲနေခဲ့ရတဲ့ စပါးအသင်းဟာ လာမယ့် မတ်လ ၁၆ ရက်နေ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ကစားမယ့် ဒါဘီပွဲစဉ်မှာ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။

ကွင်းတွေတိုးချဲ့နေတဲ့စပါးအသင်းကတော့လက်ရှိအချိန်မှာအဖွဲ့ချုပ်ပိုင်ဝင်ဘာလေကွင်းကိုအိမ်ကွင်းအဖြစ်အသုံးပြူနေတာဖြစ်ပါတယ်။

စပါးအသင်းနဲ့အတူတူဝက်ဟမ်းအသင်းကလည်းအိမ်ကွင်းကိုပြန်လည်တည်ဆောင်နေပြီးအိုလံပစ်ကွင်းကိုငှားရမ်းအသုံးပြုနေတာ

ဖြစ်ပါတယ်။စပါးအသင်းရဲ့အိမ်ကွင်းမှာတော့လန်ဒန်ကလပ်အသင်းတွေရဲ့အိမ်ကွင်းမှာအာဆင်နယ်ကွင်းပြီးရင်ဒုတိယအကြီးဆုံးဖြစ်လာတော့မှာပါ။ 

SOURCE:DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။