ခွန်းဆင့်နေခြည်ဆိုတဲ့ နာမည်တလုံးနဲ့ ရပ်တည်ကာ သူမရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ ကျောက်ဆူးရုပ်ရှင်ထုတ်လုပ်ရေးကနေ တဆင့် သူမရဲ့ အနုပညာအလုပ်တွေကို ကြိုးစားချပြနေပြီး သူမကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကြီးကတော့ မြန်မာနိုင်ငံမှာ ရုံတင်ပြသခဲ့ပြီးဖြစ်ပါတယ်။ သူမရဲ့ အနုပညာခြေလှမ်းတစ်ခုဖြစ်တဲ့ ဒီမှော်ဝင်သမန်းကျားရုပ်ရှင်နဲ့ ပတ်သက်လို့ ခွန်းဆင့်တစ်ယောက်အချိန်ကာလအတော်ကြာ အချိန်ပေးနှစ်မြုပ်ထားခဲ့ရသလို ကျားအစစ်နဲ့ ရိုက်ကူးခဲ့တဲ့အပေါ် ကျားကိုက်ခံခဲ့ရတဲ့အတွက် ဆေးရုံတက်တဲ့ထိ အခြေအနေမျိုးရောက်ခဲ့ရပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ ရုံတင်ပြသခဲ့ပြီးနောက် မြန်မာပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိခဲ့သလို ဒီမှော်ဝင်သမန်းကျားရုပ်ရှင်ကြီးဟာ Review ကောင်းတွေရရှိထားပြီး ခွန်းဆင့်တစ်ယောက် ကြိုးစားရကျိုးနပ်ခဲ့တယ်လို့ ဆိုရမှာပါ။ ဒါ့အပြင် စင်ကာပူရောက်မြန်မာတွေအတွက်ရဲ့ တောင်းဆိုမှု အရ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားကြီးကို စင်ကာပူနိုင်ငံထိပြသနိုင်အောင်ကြိုးစားခဲ့ပြီး စင်ကာပူရောက်မြန်မာတွေရဲ့အမှန်အကန်အားပေးခြင်း ခံခဲ့ရပါတယ်။

အခက်အခဲပေါင်းတစ်ကုဋေ အတိုက်အခိုက်ပေါင်းတစ်သိန်းလောက်နဲ့ မှော်ဝင်သမန်းကျားရုပ်ရှင်ကားကြီးကို ရိုက်ကူးခဲ့ရပြီး ဒုတိယအကြိမ် ကြိုးစားရကျိုးနပ်ခဲ့တဲ့ ခွန်ဆင့်ကတော့ သူမရဲ့ မှော်ဝင်သမန်းကျားရုပ်ရှင်ကားကြီးကို ရုံတင်ပြသခဲ့ပြီး စင်ကာပူရောက်မြန်မာတွေနဲ့ တွေ့ဆုံခွင့်ရရှိခဲ့သလို စင်္ကာပူနိုင်ငံမှမြန်မာသံအမတ်ကြီး ဦးဌေးအောင်နှင့် ဇနီး၊ သံအမတ် ဦးဥက္ကာနှင့်ဇနီး၊ သံမှူး စောစန္ဒီဇော်နှင့်ခင်ပွန်းသရုပ်ဆောင်ဝါဇင် တို့ကပါ ဒီရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ရှူ့အားပေးခဲ့ကြပါတယ်။

Source: Khunn Sint Nay Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။