မကြာခဏဆိုသလို ကြားနေရတဲ့ ပြည်တွင်းစစ်ဘေးအသံတွေကိုတော့ ပရိသတ်တွေလည်း နေ့ညမပျက်ကြားသိနေကြမယ်ထင်ပါတယ်။ အဆိုပါ ပြည်တွင်းစစ်တွေထဲမှာ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ စစ်ဘေးသတင်းတစ်ခုကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ ၎င်းစစ်ပွဲကတော့ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တာဖြစ်ပြီး AA တပ်ဖွဲ့ဝင်များရဲ့ ဝင်ရောက်စီးနင်းတိုက်ခတ်မှုကြောင့်ဖြစ်ကြောင်း ကနဦးသတင်းများအရ သိရှိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကတော့ ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့များစွာ ကျဆုံးခဲ့ရကြောင်း သိရပါတယ်။  

အဆိုပါ ကျဆုံးသူတွေထဲမှာ အထက်အရာရှိများစွာနဲ့အတူ ရဲတပ်သားများစွာလည်း ကျဆုံးခဲ့ရကြောင်း သိရပါတယ်။ ၎င်းကျဆုံးသူတွေထဲမှာ ရန်ကုန်တိုင်း၊ အရှေ့ပိုင်ခရိုင်၊ သင်္ဃန်ကျွန်းမြို့နယ် ၊ငမိုးရိပ်ရပ်ကွက် အပိုင်း(၃) ၊အမှတ်.(၆၄၄) ၊နေ ရဲတပ်သား မြတ်ကျော်ငြိမ်းလည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ ငယ်ရွယ်သူတစ်ယောက်ဖြစ်ပြီး စစ်ပွဲအတွင်း အပြန်အလှန်တိုက်ခတ်မှုတွေကြောင့် အသက်စွန့်ခဲ့ရသူတစ်ယောက်ပဲဖြစ်ပါတယ်။ မြတ်ကျော်ငြိမ်းရဲ့ သေဆုံးမှုအတွက် တာဝန်ရှိသူများက အားပေးနှစ်သိမ့်စကားများနှင့်အတူ ထောက်ပံ့ငွေကို လာရောက်ပေးအပ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ထောက်ပံငွေတွေထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနမှထောက်ပံ့ကြေးငွေ၃၀၀၀၀၀ကျပ်(သုံးသိန်းကျပ်)၊ လူမှုကယ်ဆယ်ရေးနှင့်နေရာပြန်လည်ချထားရေးဝန်ကြီးဌာနမှ၅၀၀၀၀၀ ကျပ် (ငါးသိန်းကျပ်)၊ နယ်စပ်စည်းရိုးအဖွဲ့မှ၁၀၀၀၀၀ကျပ်(တစ်သိန်းကျပ်.) ၊ စုစုပေါင်း၉၀၀၀၀၀ကျပ်(ကိုးသိန်းကျပ်) အား သင်္ဃန်းကျွန်းမြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးကိုကိုဦး နှင့်စခန်းမှူးတင်ဦး ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်မိုးတို့နှင့်အတူတပ်သားမြတ်ကျော်ငြိမ်း၏မိသားစုဝင်များအား ဒုတိယအကြိမ်ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။ ငယ်ရွယ်တဲ့အချိန်တွေကို အစောဆုံးပြီးဆုံးသွားခဲ့တဲ့ အဆိုပါ ရဲတပ်သားမြတ်ကျော်ငြိမ်းရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - ပီတာ ပီတာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။