တရုတ်နိုင်ငံရဲ့ မြို့တော်ဘေကျင်းက မူလတန်းကျောင်းတစ်ကျောင်းမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်နေ့က လူတစ်ဦး တူလက်နက်ကိုင်ဆောင်ပြီး ကလေးငယ်တွေကို လိုက်လံတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်ခဲ့သူအမျိုးသားကတော့ အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ၎င်းမူလတန်းကျောင်းရဲ့ ပြုပြင်ထိန်းသိမ်းရေးသမားဟောင်း အမျိုးသားပဲဖြစ်ပါတယ်။ 

၎င်းအမျိုးသားကတော့ သူ့ကိုအလုပ်စာချုပ်သက်တမ်းမပေးတဲ့ အတွက် ကျောင်းအုပ်ကြီးကို စိတ်ဆိုးရာမှ ကလေးငယ်တွေအပေါ် ဒေါသအိုးပေါက်ကွဲပြီး တွေ့ရာကလေးငယ်ကို တူနဲ့လိုက်ထုခဲ့တာပဲဖြစ်ပါတယ်။

သူအခုလို တူနဲ့လိုက်ထုခဲ့မှုကြောင့် ကလေးငယ်ပေါင်း ၂၀ လောက်ဒဏ်ရာရရှိခဲ့သလို ထိုအထဲက ၃ ဦးကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ရပါတယ်။ 

တရုတ်နိုင်ငံအတွင်းမှာ

တရုတ်နိုင်ငံမှာ အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံတောင့်ကြုံခဲ ဖြစ်ပေမယ်လို့ မကြာသေးခင်နှစ်တွေက ကလေးငယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းကလည်း ကလေးငယ်တွေကို ဓားနဲ့တိုက်ခိုက်ခဲ့သူအမျိုးသားတစ်ဦးရှိခဲ့ပေမယ့် ၎င်းအမျိုးသားကိုတော့ သေဒဏ်ချမှတ်ပြီး ကွပ်မျက်ခဲ့ပါတယ်။

အခုဒီအမျိုးသားကိုလည်း လက်ရှိအချိန်မှာ ဖမ်းဆီးအရေးယူးထားပြီဖြစ်သလို မည်သို့သောပြစ်ဒဏ်ချမှတ်သွားမယ်ဆိုတာကတော့ မသိရှိရသေးပါဘူး။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။