ပရိသတ်အချစ်တော်နိုင်းနိုင်းကတော့ ယခုမှာ အောင်မြင်နေတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ထိပ်တန်းသရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ နိုင်းနိုင်းကတော့ ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့မိသားစုလေးကိုအမြဲ ပျော်ရွှင်ပြီး အပြုံးပန်းတွေဝေဆာအောင် ပြုလုပ်ပေးနေသူဖြစ်ပါတယ်။ 

ယနေ့မှာတော့ နိုင်းနိုင်းတစ်ယောက် ဇနီးသည်လေးရဲ့ မွေးနေ့လေးမှာ ပရိသတ်တွေမြင်တွေရခဲတဲ့ လက်ထပ်ခဲ့စဉ်တုန်းက ကြည်နူးနေကြတဲ့ ပုံရိပ်ဟောင်းလေးတွေကို ထုတ်ဖော်လိုက်ပါတယ်။ နိုင်းနိုင်းကတော့ ဇနီးသည်လေးအတွက် " Happy birthday my baby girl Emerida and Happy Birthday My wife. ၉ရက် ဇန်နဝါရီ ဟာ မွေးနေ့ ဖြစ်သလို ၁၁နှစ်ပြည့် Anniversary လည်းဖြစ်ပါတယ်။ " ဆိုပြီးရေးသားထားပါတယ်။  

နိုင်းနိုင်းကတော့ " စန္ဒီရဲ့မွေးနေ့မှာ ငါတို့ ရဲ့ ဘဝ သမုဒ္ဒရာကို အတူတူဖြတ်ဖို့လက်မှတ်ရေးထိုးခဲ့ကြတယ်။ လေပြေလေညှင်း နဲ့ သာယာတဲ့နေ့တွေရှိသလို မုန်တိုင်းတွေလည်းရှိခဲ့တယ်။ ဒါပေမယ့် ငါတို့ရဲ့ မိသားစုလှေကလေးကို ထိန်းပြီး ဖြတ်ကျော်လာခဲ့တာ..၁၁နှစ်ပြည့်ခဲ့ပါပြီ။ ဘယ်အချိန် ဘယ်နေရာသေမယ်မှန်းမသိတဲ့ ငါ့အတွက်တော့...နေ့ရက်တိုင်းဟာ Valentine ပါ။ ငါ့အသက်နှင့်ခန္ဓာမြဲနေသ၍...မိသားစုလှေကလေးနဲ့ အတူရှိနေမယ်ဆိုတာ..My Family Life is My SOUL..." ဆိုပြီးရေးသားထားခဲ့ပါတယ်။

SOURCE: 99

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။