ပြည်သူချစ်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ကော်နီကတော့ တေးသီးချင်းပေါင်းများစွာကို တစ်ခေတ်တစ်ခါတည်းက သီဆိုခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။အသံပါဝါအားကောင်းကောင်းနဲ့ စွဲမက်စရာသီချင်းတွေကို သီဆိုသူမို့ သူမရဲ့သီချင်းများက ပရိတ်သတ်တွေရဲ့ကြားမှာရေပန်းစားခဲ့ပါတယ်။လူကြီး လူငယ် နှစ်မျိုးလုံးကြိုက်တဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့ ယခုအချိန်ထိ အဆိုတော်ကော်နီဆိုပြီး ရပ်တည်နေနိုင်တာဖြစ်ပါတယ်။

ကော်နီရဲ့သီချင်းတွေက တစ်ခါနားထောင်ပြီးရင် နားထဲစွဲနေတာဖြစ်လို့ ထပ်ခါထပ်ခါ နားထောင်ချင်ရလောက်အောင်ကောင်းပါတယ်နော်။အခုဆိုရင် ချစ်ရတဲ့သူတွေနဲ့အတူတူ ဘဝကိုအေးချမ်းစွာ ဖြတ်သန်းပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။ကော်နီရဲ့ အခုလက်တလောမှာ ထွက်ရှိထားတဲ့ "ဆေး"သီချင်းက ပရိတ်သတ်တွေကြားထဲမှာ တော်တော်လေးအောင်မြင်နေတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ 

သီချင်းထဲမှာပါတဲ့ စာသားတွေက ပရိတ်သတ်ရဲ့ရင်ကိုတိုက်ရိုက်ထိမှန်လို့ ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှု့ကိုရရှိခဲ့ပါတယ်နော်။ကော်နီက မိဘကိုသိတတ်ပြီး လုပ်ကျွေးပြုစုနေတဲ့သမီးတစ်ယောက်ဖြစ်လို့ မိဘကို အရိမ်တစ်ကြည့်ကြည့်နဲ့ စောင့်ရှောက်နေတာပဲဖြစ်ပါတယ်။ယခုဆိုရင် ကော်နီရဲ့အမေက ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်မှု့ကိုပြုလုပ်ရမှာဖြစ်ပြီး မေ့ဆေးပေးရမှာဖြစ်လို့ သူမရဲ့အမေခွဲစိတ်မှု့အတွက် ကော်နီကတော့အရမ်းကိုစိတ်ပူနေပါတယ်။ပရိတ်သတ်ကြီးကလည်း ကော်နီရဲ့အမေ ကျန်းမာရေးအတွက် ဆုတောင်းပေးလိုက်ပါဦးနော်။

Source:Tun Connie

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။