အဆိုဘက်ပိုင်းတွင် အောင်မြင်မှုတွေများစွာရရှိထားသူ အဆိုတော်လွှမ်းပိုင်ဟာ သရုပ်ဆောင်ဘက်သို့လည်း တဖြည်းဖြည်းဝင်ရောက်လာပြီပဲဖြစ်ပါတယ်။ အဆိုကောင်းရုံသာမကပဲ သရုပ်ဆောင်ပိုင်းတွင်လည်း ပီပြင်စွာသရုပ်ဆောင်နိုင်သူလွှမ်းပိုင်ဟာ ရုပ်ရှင်ဇာတ်ကားကြီးများတွင်ပါ ပါဝင်သရုပ်ဆောင်လာတာကိုလည်းတွေ့ရပါတယ်။ 

သူဟာ တေးသီချင်း Album များစွာလည်းထွက်ရှိထားသူပါ။ လတ်တလောမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ “ ကိုယ်စောင့်နတ် " ရုပ်ရှင်ဇာတ်ကားကြီးရုံတင်နေတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားလေးဟာ သူ့ရဲ့ကိုယ်ပိုင်ဇာတ်ညွှန်းလေးလည်း ဖြစ်ပါတယ်။

လွှမ်းပိုင်ဟာ တေးသီချင်းအလန်းစားများကိုကိုယ်ပိုင်ဟန်ဖြင့်ရေးသားသီဆိုတတ်သောကြောင့် ပရိတ်သတ်များရဲ့ အားပေးခြင်းကိုများစွာခံခဲ့ရသူပါ။ 

လွှမ်းပိုင်ဟာ ဖက်ရှင်အလန်းလေးတွေနဲ့ အမြဲစမတ်ကျပြီး ကြည့်ကောင်းနေသူတစ်ဦးပါ။ လွန်ခဲ့တဲ့နာရီပိုင်းကပဲ သူ့ရဲ့လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်တွင်ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ဆယ်နှစ်ကျော်ကဖက်ရှင်အလန်းစားတွေနဲ့ဂေါ်နေတဲ့ပုံရိပ်လေးများကို ပရိတ်သတ်ကြီးအတွက်တင်ပြရင်း ရှေ့ဆက်ပြီးသူ့ရဲ့အနုပညာလှုပ်ရှားမှုများကို အားပေးလိုက်ကြရအောင်နော်။

Photo - Hlwan Paing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။