အဆိုတော်၊သရုပ်ဆောင် ရဲရင့်အောင်နဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဧငြိမ်းဖြူတို့စုံတွဲကတော့ လူငယ်ပရိသတ်တွေရဲ့ Idol Couple စုံတွဲတွေထဲမှာ တစ်တွဲအပါအဝင် ဖြစ်ပါတယ်။ အနုပညာရှင်စုံတွဲတွေကြားမှာမှ သူတို့ချစ်သူနှစ်ယောက်က အရမ်းကို Romantic ဆန်တဲ့အချစ်တွေနဲ့ ချစ်ကြတဲ့ ချစ်သူနှစ်ဦးလည်း ဖြစ်ပါတယ်။ သူတို့စုံတွဲလေးက ရှေ့သွားနောက်လိုက်ညီကြသလို မကြာခဏလည်း ပွဲအခမ်းအနားတွေကို အတူတက်ရောက်လေ့ရှိပါတယ်။

တစ်ယောက်ကို တစ်ယောက်အရမ်းချစ်ကြတယ်လို့ နာမည်ကြီးတဲ့သူတို့စုံတွဲလေးက အခုလည်း ပရိသတ်တွေကြားမှာ လှုပ်လှုပ်ရှားရှား ဖြစ်စေလောက်အောင် ချစ်ပြလိုက်ကြပါတယ်။ ဒါကတော့ ရဲရင့်အောင်က သူရဲ့ချစ်သူလေး ဧငြိမ်းဖြူကို တစ်နေ့တာလုပ်ဆောင်သမျှ ကိစ္စအ၀၀ အားလုံးကို အချိန်နဲ့တစ်ပြေးညီ သတင်းပို့လေ့ရှိတာ ဖြစ်ပါတယ်။ ချစ်သူကို ကလေးလေးတစ်ယောက်လို သူမတူတဲ့ ဂရုစိုက်မှုတွေနဲ့ ချစ်ပြလိုက်တဲ့ ရဲရင့်အောင်ရဲ့ အချစ်စာသားလေးတွေက ပရိသတ်တွေကို အားကျစေခဲ့တာ ဖြစ်ပါတယ်။

ရဲရင့်အောင် ပေးပို့ထားတဲ့ စာလေးတွေမှာတော့ " ကိုကိုနဲ့ ကလေးငယ်" ဆိုတဲ့ ချစ်စရာအသုံးအနှုန်းလေးတွေနဲ့ သည်းသည်းလှုပ်ချစ်ပြထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဧငြိမ်းဖြူက သူမရဲ့ My Story မှာ " ကိုယ်အလုပ်လုပ်နေတဲ့ အချိန်မှာ စိတ်ပူစရာမရှိဘဲ စိတ်ချနေရသော ချိဖ" ဆိုပြီး ရဲရင့်အောင်ရဲ့ ဂရုစိုက်မှုတွေကို ကျေနပ်နေကြောင်းပြောပြထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေလည်း အားကျသွားရအောင် အောက်မှာပုံလေးနဲ့တကွ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:A Nyein Phyu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။