ပရိသတ်ကြီးရေ.. MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ခြူးလေးကတော့ အချစ်ရေးကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်..။

အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်ခြူးလေးဟာ ချစ်သူနဲ့ လမ်းခွဲလိုက်ပြီး အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပေမယ့် အချိန်မှီဆေးရုံကိုပို့ပြီး ဆေးကုသမှုခံယူခဲ့ရတဲ့အတွက် ပရိသတ်တွေတော်တော်များများကလည်း ခြူးလေးအတွက် စိတ်မကောင်းဖြစ်နေကြပါတယ်..။

အသည်းကွဲတဲ့ ဝေဒနာကိုမခံနိုင်လို့ မခံနိုင်လို့ မိမိကိုယ်ကိုသတ်သေခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး ခြူးလေးရဲ့ ချစ်သူ ဟိန်းကိုကိုက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ ပြန်လည်ဖြေရှင်းလိုက်တာ တွေ့ရပါတယ်..။

“ကိုယ့်ကိုကိုယ်တောင်

မျက်စိလည်တယ်

ဘယ်သူကဘယ်သူ့ကို ဖြတ်သွားတာလဲဟင်...

MCမှာ Single is the Bestလို့

ဖြေခဲ့တာဘယ်သူလဲဟင်...

ကိုယ့်ဘဝနဲ့ကိုယ်အေးချမ်းစွာနေပါရစေ...

ဒုက္ခတွေ မပေးကျပါနဲ့တော့...” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသား ထားတာပဲ ဖြစ်ပါတယ်..။

(၂)နှစ်ကျော် (၃)နှစ်နီးပါးအထိ သာသာယာယာဖြတ်သန်းခဲ့တဲ့ မင်းသမီးချောလေးခြူးလေးနဲ့ မင်းသားချောလေး ဟိန်းကိုကိုကျော်တို့ရဲ့ အချစ်ရေးလေးကတော့ ဒီကနေ့လေးမှာတော့ ပရိသတ်တွေကို ဝမ်းနည်းစိတ်မကောင်းဖြစ်စေပါတယ်နော်..။

မင်းသမီးချောလေး ခြူးလေးကတော့ လတ်တလောမှာ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့လည်း သိရပါတယ်..။

Photo – Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။