ပရိတ်သတ်ကြီးရေ... ကမ္ဘာပေါ်က လူဦးရေ(၄၀)ရာခိုင်နှုန်းလောက်က ရေကြောင့် ဒါမှမဟုတ်ရင် ရေသတ္တဝါတွေကြောင့်အသက်ဆုံးရှုံးနေကြရပါတယ်ဗျ။ ကမ္ဘာရဲ့ ၇၁ရာခိုင်နှုန်းလောက်ကို ရေထုကြီးကဖုံးလွှမ်းထားတာဆိုတော့လည်း ရေနဲ့မပတ်သတ်ဘဲနဲ့နေလို့ကိုမရပါဘူးနော်။ ဒါကြောင့်လည်း ဒီရေတွေကြောင့်အသက်ဆုံးရှုံးရတာထူးဆန်းမယ်မထင်ပါဘူးနော်။ ဒီတခါကတော့ ဒီလိုရေထုထဲမှာနေတဲ့ ရေသတ္တဝါတစ်ကောင် ကောင်းကျိုးပေးလိုက်လို့ အစာအိမ်ပေါက်မတတ်ဖြစ်ခဲ့ရတဲ့အမျိုးသားတစ်ဦးရဲ့အဖြစ်ကိုပြောပြမှာပဲဖြစ်ပါတယ်။

သူရဲ့နာမည်ကိုတော်အတိအကျမဖော်ပြထားပေမယ့်် အသက်လေးဆယ်ကျော် အရွယ်အမျိုးသားတစ်ဦးလို့တော့ ဆိုထားပါတယ်။ အဆိုပါအမျိုးသားဟာရေကူးဝတ်စုံကိုမဝတ်ဘဲ ရေငုတ်ကိရိယာတွေကိုသာ အသုံးပြုပြီး ရေအောက်ခပ်နက်နက်ထဲကို ကူးခပ်ခဲ့ရာမှ ငါးမန်းပေါက်တစ်ကောင်ရဲ့တိုက်ခိုက်ခြင်းကိုဆိုးဆိုးရွားရွားခံခဲ့ရတာပါ။ ဒီဖြစ်စဉ်ဟာ ဖလော်ရီဒါလိုနာမည်ကြီးနေရာမျိုးမှာဖြစ်ခဲ့တဲ့ ဟိုးလေးတကျော်ကျော်ဖြစ်စဉ်ပါပဲ။

အဆိုပါအမျိုးသားဟာ အဖွဲ့ဝင် အပေါင်းအပါ (၆)ယောက်နဲ့အတူ သွားရောက်လည်ပတ်ခဲ့တာဖြစ်ပြီး ကမ်းခြေနဲ့ခပ်ဝေးဝေးထိကို စက်လှေနဲ့သွားရောက် ကာ ရေငုပ်ခဲ့ကြခြင်းပဲဖြစ်ပါတယ်။ ဗီဒီယိုထဲမှာဆိုရင် သူရဲ့ဗိုက်ကို မလွှတ်တမ်းကိုက်ထားတဲ့ ငါးမန်းပေါက်လေးတစ်ကောင်ကိုနာနာကျင်ကျင်ကိုင်ပြီး လှေပေါ်ပြန်တက်လာတဲ့ ထိုလူကို သူရဲ့ အပေါင်းအပါတွေက ဝိုင်းပြီးကူညီပေးနေကြတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ငါးမန်းဆိုတဲ့အကောင်ကလည်း သူ့ကိုဓားသုံးပြီးဖယ်ရှားတာတောင်သွေးရဲရဲသံရဲရဲနဲ့ အနာခံပြီးအသေကိုက်ထားပါလေရော။တကယ်ကိုအသည်းယားစရာ ဒီvideoလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source: Nurse Shark Bites Man's Belly

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။