ချစ်ပရိသတ်ကြီးကိုဒီတစ်ခါတင်ဆက်ပေးမှာကတော့ မယုံကြည်နိုင်လောက်အောင်အစွမ်းသတ္တိရှိတဲ့ ညီအစ်ကိုနှစ်ယောက်တွင် မျက်စိကိုအဝတ်မဲနဲ့ ပိတ်ထားထဲ့တစ်ယောက်က နောက်တစ်ယောက်ကိုသူ့၏ဦးခေါင်း ပေါ်တင်ပြီး ချိန်ခွင်လျှာလိုဟန်ချက်ညီညီဖြင့် လှေကားထစ်ဆယ်ဆင့်ကို လျင်မြန်စွာအတက်အဆင်း ပြုလုပ်ပြီး ပရိသတ်ပေါင်းများစွာကို တင်ဆက်ပြသခဲ့တာပဲဖြစ်ပါတယ်။ အမြန်ဆုံးလှုပ်ရှားမှုဖြင့် ကမ္ဘာ့စံချိန်တင်ခဲ့တာကို guinness world records မှဖော်ပြထားတာဖြစ်ပါတယ်။  

ဗီယက်နမ် ဆပ်ကပ်မှ နှစ်ယောက်တွဲတင်ဆက်ပြသခဲ့တဲ့ Nghiep Giang Quoc နှင့် Giang Quoc Co ကိုညသူရဲကောင်းများအဖြစ် မှတ်တမ်းတင်ခဲ့တာဖြစ်ပြီး၊ အီတလီနိုင်ငံမှ ရုပ်သံအစီအစဉ်တစ်ခုဖြစ်တဲ့ TV8 လိုင်းမှ ကမ္ဘာတစ်ဝှမ်းမှ ထူးခြားသောစံချိန်ကိုကိုင်ဆောင်နိုင်သူ အဖြစ်မှတ်တမ်းတင်ထားတာပဲဖြစ်ပါတယ်။

အဆိုပါညီအကိုနှစ်ယောက်ဟာဆိုရင် အချို့သောအခက်အခဲကိုရှောင်ရှား၍ ၅၃.၉၇ စက္ကန့်ကြာအောင် တင်ဆက်ပြသသွားခဲ့တာဖြစ်ပြီးစံချိန်သစ်ချိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အခြားသူတွေမလုပ်နိုင်တဲ့ စံချိန်ကို ချိုးဖောက်ပြီးတင်ဆက်ခဲ့တဲ့ ညီအကိုနှစ်ယောက်ပဲဖြစ်ပါတယ်။ စပိန်နိုင်ငံ ၂၀၁၆ဒီဇင်ဘာမှာဆိုရင်တော့ စိန့်မာရိ ဘုရားရှိခိုးကျောင်းအပြင်ဘက် အစီအစဉ်လိုက်ဖြစ်နေသော လှေကားထစ်ပေါင်းများစွာကို ပုဂ္ဂိုလ်တစ်ဦးအားခေါင်းပေါ်မှာတင်ပြီး ဟန်ချက်ညီညီဖြင့်ခြေလှမ်းပေါင်း အလှမ်း၉၀တက်ရောက်ပြသခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ကမ္ဘာတစ်လွှားက ထူးခြားအံ့သြဖွယ်အကြောင်းအရာမျိုးစုံကို ပုံရိပ်တွေနဲ့တကွ videoကိုပါ ဗဟုသုတမှတ်သားဖွယ်စရာတစ်ခုအနေနဲ့မျှဝေပေးလိုက်ပါတယ်နော်။ 

source Guinness World Records 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။