ပရိတ်သတ်ကြီးရေ.... အသံခပ်သြသြ အသံကျစ်ကျစ်လေးနဲ့နားထောင်တဲ့လူတွေကို ရင်ထဲမှာတစ်ခုခုခံစားသွားရအောင်သီဆိုနိုင်တဲ့ အဆိုတော်လေးကတော့ တက်သစ်စအဆိုတော် အုပ်စိုးခန့်ပဲဖြစ်ပါတယ်နော်။ သူများနဲ့မတူတဲ့သီဆိုဟန်နဲ့ ပရိတ်သတ်တွေရဲ့အားပေးမှု လက်ခုပ်သံတွေကိုသိမ်းယူခဲ့နိုင်တဲ့ အဆိုတော်လေးတစ်ယောက်ဆိူလည်းမမှားပါဘူး။

ကိုရီးယားမင်းသားလေးအလားထင်မှတ်ရလောက်အောင် ရူပါဖြောင့်လွန်းတာကြောင့်လည်းနှုတ်ခမ်းနီမလေးတွေကြားမှာ ရေပန်းအလွန်စားနေခဲ့ရပါတယ်။ အုပ်စိုးခန့့်ဟာမကြာခင်ကပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံးအယ်လ်ဘမ် ဖြစ်တဲ့ The Number One ဆိုတဲ့အခွေ promotion ပွဲနဲ့ပတ်သတ်ပြီးတော့လည်း ကူညီခဲ့ကြတဲ့အနုပညာရှင်တွေနဲ့ မိတ်ဆွေတွေကိုကျေးဇူးတင်ကြောင်းဆိုထားပါတယ်။

မထင်ွှတ်ထားဘဲ ဝက်ဝက်ကွဲအောင် ပရိတ်သတ်တွေစည်စည်ကားကားဖြစ်ခဲ့တဲ့ သူရဲ့အခွေpromotionပွဲမှာ ပွဲထိန်းလုပ်ပေးတဲ့ဟာသပညာရှင်ဂျိုကာနဲ့သိန်းလင်းစိုးတို့ကိုလည်း ကျေးဇူးတင်စကားပြောကြားထားပါတယ်။ အခြားသောကူညီပေးကြတဲ့အနုပညာအသိုင်းအဝိုင်းကလူတွေကိုလည်း ကျေးဇူးအထူးအထူးတင်ကြောင်းကိလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားထားပါတယ်နော်။ကဲ... လူတွေအရမ်းကိုစည်ကားခဲ့တဲ့ အုပ်စိုးခန့်ရဲ့ပွဲကပုံရိပ်အချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါရစေအုန်းနော်။

Source:Oaksoe Khant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။