Myanmar Idol Season 3 ရဲ့ Judges Audition မှာ အခါခွင့်မသင့်လို့ ပယ်ချခံခဲ့ရပေမယ့် ဦးသိန်းတန်ရဲ့ စေတနာနဲ့ကျွေးနဲ့ ငှက်ပျောသီးလေးတစ်လုံးကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားလာတဲ့ အဆိုဝါသနာရှင် ခြိမ့်ကေကိုတစ်ယောက်ဟာဆိုရင် ဂီတလောကကိုသာမက အနုပညာလောကမှာပါ နေရာတစ်ခုရအောင် ကြိုးစားနေတာပဲဖြစ်ပါတယ်။ ပွဲတော်တော်များများကိုလည်း တက်ရောက်ခဲ့ပြီး ပရိသတ်တွေ သိကြတဲ့ Celebrity တစ်ဦးဖြစ်လို့နေပါပြီ။

ကိုယ်ပိုင်သီချင်းတွေလည်း သီဆိုထားပြီး ဒီသီချင်းတွေဟာလည်း ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။ ဝေဖန်သူတွေရှိသလို အားပေးသူတွေလည်းရှိတာကြောင့် ခြိမ့်ကေကိုကတော့ ကိုယ့်ရဲ့ အလုပ်ကို အကောင်းဆုံးကြိုးစားပြီး လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဒီတစ်ခေါက်မှာတော့ ပုရိသတွေကြား ရေပန်းစားလွန်းနေတဲ့ Lady Boy လေး စစ်ပိုးအိမ်တစ်ယောက် ခြိမ့်ကေကိုနဲ့ အခုလိုအမိုက်စား အနမ်းခြွေတဲ့ ပုံရိပ်လေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ဒီပုံလေးဟာ " ဖိနပ်ချွတ်အိပ်ခဲ့ကြသူများ " သီချင်း MTV ရိုက်ကူးစဉ်က နှစ်ယောက်အတူဆုံတွေ့ချိန်မှာ မှတ်တမ်းတင်ခဲ့တာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ရဲ့ ဒီပုံရိပ်လေးက တကယ်ကိုလူတွေကြားမှာ ရေပန်းစားသွားခဲ့တာပဲဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတဲ့ အနုပညာမောင်နှမချင်း ရင်းနှီးချစ်ခင်တဲ့ အနမ်းပုံရိပ်လေးကို ပရိသတ်ကြီးမြင်တွေ့နိုင်အောင် တင်ဆက်ပေးလိုက်တယ်နော်။

Photo - Sitt Poe Eain

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။