ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပတဲ့ မော်ဒယ်နွယ်နွယ်ထွန်းဟာ ပရိသတ်ကြီးတို့ အတွက် အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ photo model တစ်ယောက်ပဲဖြစ်ပါတယ်။ ပုရိသယောကျာ်းလေးတို့ရဲ့ ဝန်းရံအားပေးမှုကိုများစွာ လက်ခံရရှိထားသူဖြစ်ပြီး ချစ်မွှေးပါတဲ့သူမက ပြုံးလိုက်လျှင်ကို အမျိုးသမီးပရိသတ်ထုကြီးပါ ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်။

အမဖြစ်သူ မိုးမြင့်သဇင်နဲ့ အတူ social media လောကတွင် နေရာတစ်နေရာစီရလာတာဟာပရိသတ်များအပြားရဲ့အားပေးမှုကျောခံအင်အားတောင့်တင်းမှုကြောင့်လို့ပြောရင်မှားမယ်မထင်ပါဖူးနော်။ ပြည်တွင်း နေရာအနှံ့စုံသလောက်ကိုရောက်ပြီးနေဖြစ်တဲ့ ခရီးသွားဝါသနာပါသူပီပီ အိမ်နီးနားချင်းနိုင်ငံ ဖြစ်တဲ့ အိန္ဒိယနိုင်ငံ ကက်ရ်ှမီးယားဒေသကိုစတဲ့ ဒေသမျိုးစုံကိုသွားရောက်လည်ပတ်ပြီးပြီပဲဖြစ်ပါတယ်။

စာဖတ်ဝါသနာပါသူဖြစ်ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့သူမဟာဆိုရင် တိုင်းရင်းသားလူမျိုးပေါင်းစုံကိုလည်း မခွဲခြားမဆက်ဆံပဲချစ်မြတ်နိုးသူဖြစ်ပါတယ်။ ရစ်ရစ်လို့အများက ချစ်စနိုးနဲ့ခေါ်ကြတဲ့ မော်ဒယ်နွယ်နွယ်ထွန်းဟာ အခုလက်ရှိမှာတစ်ယောက်ထဲအေးချမ်းစွာနဲ့ဘဝခရီးကိုပျော်ရွှင်စွာဖြတ်သန်းနေတာဖြစ်ပါတယ်။ ကက်ရ်ှမီးယားခရီးစဉ်မှာတွေ့ဆုံခဲ့ရတဲ့ သူငယ်ချင်းနဲ့ အတူမှတ်တမ်းဓာတ်ပုံတင်ထားတာပဲဖြစ်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းတဲ့ သူတို့လေးတွေရဲ့ အပြုံးလေးတွေကို ကြည့်ရှုခံစားပြီး Myanmarload ပရိသတ်ကြီးလည်း ကိုယ်စိတ်နှလုံးချမ်းမြေ့စွာ၊ဝါသနာပါရာကိုလုပ်ကိုင်ရင်းနဲ့ ဘဝခရီးလမ်းကိုလျှောက်လှမ်းနိုင်ကြပါစေဆို့ ဆုမွန်ကောင်းတောင်းလျက်မျှဝေပေးလိုက်ပါတယ်နော်။ 

source Nwe Nwe Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။