ပရိတ်သတ်ကြီးရေ.... လူငယ်မင်းသမီးတစ်ယောက်ဖြစ်ပေမယ့် ပရိတ်သတ်တွေရဲ့တစ်ခဲနက်အားပေးမှုကိုပိုင်ဆိုင်ထားရတဲ့သူလေးကတော့ သရုပ်ဆောင် သွန်းဆက်ပဲဖြစ်ပါတယ်နော်။ သူမဟာ ဇာတ်လမ်း ဇာတ်ကားပေါင်းများစွာမှာ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေ သဘာဝကျတဲ့ အနုပညာတွေကို ပရိတ်သတ်တွေရှေ့ကို ချပြနိုင်ခဲ့ပါတယ်နော်။

မော်ဒယ်မလေးတစ်ယောက်လည်းဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ ရုပ်ရှင် ဗီဒီယိုတွေသာ အရိုက်များပါတော့တယ်။ အရမ်းကိုတော်ပြီးအရမ်းကိုပဲကြိုးစားတဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်သလို သူမပါဝင်သရုပ်ဆောင်ထားတဲ့ သရဲသဘောၤဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်းမကြာခင်အချိန်းအတိုင်းအတာတစ်ခုဖြစ်တဲ့ ဇန်နဝါရီလ (၆)ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ဒီဇာတ်ကားရုံတင်ဖို့ရှိနေတဲ့အပြင် နောက်ထပ်ရုပ်သံဇာတ်လမ်းတွဲသစ်တစ်ခုဖြစ်တဲ့ ရင်ခွင်ရှင်းတန်း ရုပ်သံစုံကို ကန်တော့ပွဲပေးပြီး စာနယ်ဇင်းအသိပေးပွဲတွေကိုပါကျင်းပခဲ့ပါတယ်။ဒီပွဲကိုတော့ ဟိန်းဝေယံ၊အေးသောင်းအစရှိတဲ့နာမည်ကြီးအနုပညာရှင်တွေတက်ရောက်ခဲ့ပြီးတော့ အဖွဲ့သားတွေတက်ညီလက်ညီနဲ့ပျော်ပျော်ရွှင်ရွှင်ပဲကျင်းပခဲ့ပါတယ်နော်။ကဲ... သူမ ရင်ခွင်ရှင်းတန်း ပွဲမှာ ပွဲတက်ခဲ့တဲ့ပုံရိပ်လေးတွေကို သူမကိုချစ်တဲ့ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source:Thu Sett

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။