အဆိုတော်အာဇာနည်ကတော့ တစ်ခေတ်တစ်ခါတည်းက အသံပါဝါအားကောင်းကောင်းနဲ့ တေးသီချင်းပေါင်းများစွာကိုသီဆိုခဲ့ပြီး သူသီဆိုခဲ့ဖူးသောသီချင်းများကလည်း ပရိတ်သတ်တွေရဲ့ခံစားချက်နဲ့ထပ်တူကျလို့ အရမ်းကိုအောင်မြင်ခဲ့ပါတယ်။ယခုချိန်ထိလည်း တေးသီချင်းများကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ယခုချိန်ထိ လူကြီး လူငယ် နှစ်မျိုးလုံးကြိုက်တဲ့ အောင်မြင်နေတဲ့အဆိုတော်တစ်ယောက်ပါ။အာဇာနည်က တေးသီချင်းများနဲ့ပတ်သက်ပြီး ဆုတွေလည်း အများကြီးရရှိခဲ့ဖူးပါတယ်။ 

အာဇာနည်နဲ့ဝမ်းက တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြလို့ နှစ်ကိုယ်တူဘဝလေးကိုတည်ထောင်ခဲ့ကြပါတယ်။နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးလေးဖြစ်လို့ ယခုချိန်ထိ သာယာအေးချမ်းပြီးတည်ငြိမ်နေတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။အာဇာနည်တို့က သားလေးနှစ်ယောက်ကိုလည်း မွေးဖွားထားပြီး ဖစ်ဖစ်တုန်နဲ့ချစ်ချစ်တုန်လို့ နာမည်ပေးထားပါတယ်။လူအများက အရမ်းချစ်ပြီး ချီးကျူးရတဲ့ သားလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားလို့ မိဘတွေအတွက်ကတော့ မျက်နှာပန်းပွင့်ရပါတယ်နော်။

အခုဆိုရင် သားငယ်လေး ချစ်ချစ်တုန်က တစ်နှစ်ပြည့်သွားပြီဖြစ်လို့ ဖေဖေအာဇာနည်က သားငယ်လေးရဲကမွေးနေ့မှာ"Happy Birthdayသားငယ်လေး သားလေးရှိလာတော့ ပါပါး ပိုလိမ္မာသွားတော့မယ် အရမ်းချစ်တယ် မိန်းမရယ် သားကြီးကိုကိုဖစ် ရယ် ချစ်လေးရယ် ကျေးဇူးလဲအရမ်းတင်ပါတယ် အရမ်းချစ်တယ်"ဆိုပြီး ကြည်နူးစရာစကားလေးကိုဆိုထားပါတယ်။ချစ်စမွှေးလေးပါပြီး အရမ်းကိုချစ်စရာကောင်းတဲ့ ချစ်ချစ်လေးရဲ့မွေးနေ့ကစပြီး ဘဝတစ်လျှောက်လုံး ပျော်ရွှင်စရာတွေပိုင်ဆိုင်ပါစေနော်။

Source:Zarni Myonyunt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။