အဆိုတော်မလေး ဝိုင်းစုခိုင်သိန်းကတော့ သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ ပရိသတ်တွေရဲ့အချစ်တော်တစ်ဦးဖြစ်ပါတယ်။ ထွက်ရှိခဲ့ပြီးတဲ့ သူမရဲ့တစ်ကိုယ်တော်အခွေတွေကလည်း အောင်မြင်မှုရရှိခဲ့သလို လက်ရှိမှာလည်း ရှိုးပွဲပေါင်းများစွာမှာ ပါဝင်ဖျော်ဖြေနေရတာ ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှု၊ အခက်အခဲတွေကြားက ထိုးဖောက်အောင်မြင်အောင် ကြိုးစားနိုင်ခဲ့တဲ့ ဝိုင်းစုက လက်ရှိမှာတော့ သူမလိုချင်တောင့်တရတဲ့ ကိုယ်ပိုင်ဘဝလေးကို ပိုင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ 

ဝိုင်းစုကတော့ လက်တလောတေးသီချင်းများစွာကို ဖန်တီးနေပြီးနယ်လှည့်သီဆိုမှုတွေကို အဓိကပြုလုပ်လျှက်ရှိတာလည်း တွေ့ရပါတယ်။ တစ်ကိုယ်တော် တေးသီချင်းများစွာထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုအခိုင်အမာရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ မကြာမီထွက်ရှိမယ့် ဝိုင်းစုရဲ့"ပြတ်စာ" တေးသီချင်းအသစ်လေးကလည်း ပရိသတ်တွေကြားရေပန်းစားနေပြီး အားပေးမှုအခိုင်အမာရရှိထားတာာတွေ့ရပါတယ်။ ဒီကနေ့ ဝိုင်းစုကတော့ သူမရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် အေးချမ်းလှတဲ့ ဆောင်းရာသီအတွင်း ချစ်စရာပုံရိပ်လေးတွေကို ရိုက်ကူးထားတာတွေ့ရပါတယ်။  

အဆိုပါ ပုံရိပ်လေးတွေကတော့ ရှမ်းပြည်ကို ရောက်ရှိနေတဲ့ အမှတ်တရပုံရိပ်လေးတွေဖြစ်ပြီး တစ်ကိုယ်တော်ခရီးစဉ်လေးမှ ချစ်စရာပုံရိပ်လေးတွေကို ပြသခဲ့တာပဲဖြစ်ပါတယ်။ ခရီးသွားခြင်းနဲ့ နယ်လှည့်သီချင်းသီဆိုမှုတွေပြုလုပ်နေတဲ့ ဝိုင်းစုရဲ့ ဒီကနေ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Wyne Su

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။