Twilight မင်းသမီး Kristen Stewart ဟာဆိုရင် Victoria's Secret ရဲ့ Model Stella Maxwell နဲ့လမ်းခွဲခဲ့ပြီးနောက် ချစ်ဇာတ်လမ်း တစ်ပုဒ် ပြန်လည်ဖူးပွင့်လိုလာပါတယ်။ အသက်၂၈နှစ်ရှိပြီဖြစ်တဲ့ Twilight မင်းသမီးဟာ အင်္ဂါနေ့တုန်းကသူရဲ့ အချစ်သစ်နဲ့ ကောင်မလေး Sara Dinkin ရဲ့ လမ်းကိုကိုင်ကာ Los Feliz မှာလည်ခဲ့ကြပါတယ်။ ဆင်တူ ဖျော်ရည်ခွက်ကိုကိုင်ကာ အပူအပင်မရှိ တစ်ယောက်ကို တစ်ယောက်အပြန်အလှန် စနောက်ကာ လမ်းလျှောက်ခဲ့ကြပါတယ်။ အချစ်မှာ ဘာမှခွဲခြားစရာမှ မလိုပဲလေ...ချစ်ဖို့ကအဓိကမဟုတ်လား။

Kristen ဝတ်ထားတဲ့ပုံစံကတော့ အဖြူရောင် တီရှပ်နဲ့ စတိုလ်ကျကျ အပြဲပါတယ်ဂျင်း ကိုဝတ်ဆင်ထားကာ သူမရဲ့ချစ်သူကတော့ လက်ပြတ် တီရှပ်နဲ့ အောက်ကမလိုင်ရောင် ယောကျ်ားလေးဝတ်ဂျင်းကို ဝတ်ဆင်ထားပါတယ်။ နှစ်ယောက်လုံးကတော့ ကိုယ်fashion နဲ့ကိုယ်ပါပဲ။ Sara က Kristen ဆိမှာ အလှဖန်တီးရှင်အဖြစ် အလုပ်လုပ်တော့ နှစ်ယောက်ရဲ့ fashion တွေတူနေတာက မထူးဆန်းပါဘူး။ တူညီတဲ့ fashion နဲ့ တူညီတဲ့ အချစ်ပေါ့။Kristen ဟာ Stella Maxwell နဲ့လမ်းခွဲလိုက်ပြီဆိုတာကို December မှာထုတ်ဖော်ပြောခဲ့ပါတယ်။ 

သူတို့နှစ်ယောက်ဟာဆိုရင် ၂၀၁၆ ခုနှစ်ကတည်းကတွဲခဲ့ကြပြီး သူတို့နဲ့ပတ်သတ်တဲ့ သတင်းခေါင်းစဉ်မပါခင် တစ်လကတည်းက လမ်းခွဲခဲ့ကြပါတယ်။ အတွင်းလူကတော့ " သူတို့တွေ တစ်ယောက်မျက်လုံးတစ်ယောက်မကြည့်ကြတော့ဘူး....နေထိုင်တဲ့ပုံစံတွေကလည်း အရမ်းကိုကွာခြားလွန်သွားခဲ့ပြီ " လို့ပြောခဲ့ပါတယ်။ အဲ့အချိန်အတော်အတွင်းမှာတော့ ကြည့်ရတာ Stella ကထွက်သွားဖို့အဆင့်သင့်ဖြစ်နေပါပြီ။ Kristen မှာတော့ အရောင်အသွေးစုံလင်တဲ့ ချစ်ခြင်းတရားတွေရှိခဲ့ပါတယ်။ ဘယ်လိုပဲရှိပါစေ ချစ်ဖို့ကအဓိကပါပဲ မဟုတ်ဘူးလား၊

Source : Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။