Myanmar Idol က ဒိုင်တစ်ဦး ဖြစ်တဲ့ ၀ါရင့်အဆိုတော်ကြီး မြန်မာပြည်သိန်းတန် ကတော့ ချစ်စရာကောင်းပြီး ရှေ့သွားနောက်လိုက်ညီတဲ့ ပါရမီဖြည့်ဘက်ကို ပိုင်ဆိုင်ထားပါတယ်။

ယခုနှစ် Myanmar Idol Season2 ကလည်း ဦးသိန်တန် ရောက်လာမှ ပွဲကပိုပြီးစည်လာသလို လူတိုင်းစိတ်ဝင်တစားစောင့်ကြည့်လာပါတယ်။

အမေရိကားကနေ ပြန်လာတဲ့ မြန်မာပြည်သိန်းတန် နဲ့ဇနီးသည် ဒေါက်တာ နုနန္ဒာသန်းတို့ဇနီးမောင်နှံကတော့ မြန်မာပြည်ကလူငယ်ထုကြီးရဲ့ အားကျစရာကောင်းလောက်တဲ့ စုံတွဲဖြစ်နေတယ်လို့ သိရပါတယ်။

သူတို့စုံတွဲကို ဆယ်ကျော်သက်မိန်းကလေးအချို့ရဲ့ Idol Couple လေးစားအားကျရတဲ့ စုံတွဲအဖြစ် အွန်လိုင်းပေါ်မှာ ချီးကျူးသံတွေထွက်ပေါ်နေတာပါ။

မြန်မာပြည်ဦးသိန်းတန်ကတော့ အမေရိကန်နိုင်ငံက မေ့ဆေးဆရာဝန်မကြီး ဒေါက်တာနုနန္ဒာသန်းလို ချစ်တတ်တဲ့ ဇနီးမျိုးကို ပိုင်ဆိုင်ထားလို့ ပျော်ရွှင်နေတဲ့ပုံပါပဲ။

ဒေါက်တာဟာ ဦးသိန်းတန်အပေါ် အဝတ်အစား အပြင်အဆင်က ကိုယ်တိုင်ဂရုတစိုက်ပြင်ဆင်ပေးသလို ဦးသိန်းတန်ကလည်း သူ့ဇနီးကို ဘယ်သွားသွား အချစ်ဆုံးတေးချစ်သူလေးလို့ နာမည်ပြောင်လေးခေါ်တတ်ပါသေးတယ်။

တစ်ယောက်နဲ့ တစ်ယောက် ဒီအသက်အရွယ်ရောက်တဲ့အထိ စိတ်တူကိုယ်တူရှိလှတဲ့ ပျော်ပျော်နေတတ်တဲ့သူတို့စုံတွဲကတော့ ပရိသတ်တွေအကြားမှာအတော်လေး ရေပန်းစားလျက်ရှိနေပါတယ်။

လာမယ့် အကယ်ဒမီပေးပွဲကိုတော့ နှစ်ယောက်သား စင်တူ အစိမ်းရောင်ဝမ်းစက်တွေ ဝတ်ဆင်ပြီး စုံတွဲတက်မယ်လို့ သိရပါတယ်။

ဒါကြောင့်လည်း လူငယ်ထုရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ Idol Couple ဖြစ်နေတာကိုး။  

သတင်းအရင်းမြစ် Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။