မန်မာပြည်အလွတ်တန်းချန်ပီယံဟောင်းလက်ဝှေ့ကျော် စောငမန်းသည်ရိုးရာလက်ဝှေ့ကစားသမားအဖြစ်မှ အနားယူမည်ဖြစ်ကြောင်း ကရင်ပြည်နယ် ဘားအံမြို့၌ ယမန်နေ့က ယှဉ်ပြိုင်သည့် မြန်မာ- ထိုင်းရိုးရာလက်ဝှေ့စိန်ခေါ်ပွဲအပြီးတွင် စောငမန်းကထုတ်ဖော်ပြောကြားသည်။

“တကယ်ကြီး ဝမ်းနည်းတယ် ကြိုးဝိုင်းပေါ်မှာသွေးမြေကျ ချွေးမြေခပြီး နောက်ဆုံးနုတ်ဆက်ရတာကို တကယ်ဝမ်းနည်းရပါတယ် တကယ်တော့ လာကြည့်နေတဲ့ပရိတ်သတ်တွေကို ကျေးဇူ့တင်နေတာ လွန်ခဲ့တဲ့အနှစ် ၃၀ကျော်က အောင်မြင့်ဝင်းဆိုတဲ့ ကြားပွဲလေးတွေစထိုးကထဲက အားပေးခဲ့တဲ့ပရိတ်သက်တွေ ကျွန်းမောင်မောင်ဘဝနောက် စောငမန်းဆိုပြီး အောင်လံရကထဲက ကိုယ်ချစ်တဲ့ ကိုယ့်ကိုတန်ဘိုးထား အပြန်အလှန်လေးစားလာကြတာ အခုတော့ ရိုးရာလက်ဝှေ့သမားဘဝက လုံးဝအနားယူပြီးဆိုတော့ ကြိုးဝိုင်းအတွင်း ငယ်ငယ်ကထဲက ကျခဲ့တဲ့ချွေးတွေ သွေးတွေနက်အတူ အခုလဲ သွေးတွေ ချွေးတွေထားခဲ့ပါတယ် ရိုးရာရယ် အားလုံးကို နှုတ်ဆက်ရင်း စောငမန်း ငိုပြီကွာ " ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်တွင် ပြောကြားထားပါတယ်။ 

စောငမန်းဟာ ၅နှစ်အရွယ်ကတည်းက လက်ဝှေ့သမားဘဝကို စတင်ခဲ့ပြီးတော့ ၂ဝဝ၉ခုနှစ်မှာ လုံးချောကို အနိုင်ယူပြီး အလွတ်တန်းချန်ပီယံဘဝကို ရောက်ရှိခဲ့ပါတယ်။ လက်ဝှေ့သက်တမ်းတစ်လျှောက်မှာ ခက်ခဲကြမ်းတမ်းမှုတချို့ ကြုံတွေ့ခဲ့ရပြီး ပထမတန်းလက်ဝှေ့ကျော်တစ်ဦးအဖြစ်ရပ်တည်ခဲ့သူပဲဖြစ်ပါတယ်။ စောငမန်းသည် ရိုးရာလက်ဝှေ့လောကသို့ အောင်မြင့်ဝင်းနာမည်ဖြင့် စတင်ဝင်ရောက်လာပြီးနောက် ကျွန်းမောင်မောင်နာမည်မှတဆင့် စောငမန်းနာမည်ကို ပြောင်းလဲခံယူခဲ့ခြင်း ဖြစ်သည်။ စောငမန်းသည် ၂၀၀၉ ခုနှစ်တွင် မြန်မာပြည်အလွတ်တန်းချန်ပီယံဆုရရှိခဲ့သူလည်း ဖြစ်ပါသည်။

Source - Saww Nga Mann

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။