မြန်မာ့နိုင်ငံရဲ့ အဓိကပင်မ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတိုင်းကို ပြည်တွင်း ပြည်ပလေ့လာကြည့်ရှု့သူများစွာရှိနေတာ အားလုံးအသိပဲဖြစ်မယ်ထင်ပါတယ်။ နိုင်ငံထိပ်သီးခေါင်းဆောင်များရဲ့ အာရုံစိုက်မှုကို အဓိကခံနေရသူတစ်ဦးဖြစ်ပြီး နိုင်ငံတာဝန်များစွာကို ထမ်းဆောင်နေတဲ့ ရဲရင့်သူအမျိုးသမီးသူရဲကောင်းတစ်ဦးလည်းဖြစ်တာကို အားလုံးလက်ခံကြမယ်ထင်ပါတယ်။ အမေစုကတော့ လက်ရှိပြည်ပနိုင်ငံများစွာကို သွားရောက်လေ့ရှိပြီး နိုင်ငံအတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသူတစ်ယောက်ပဲဖြစ်ပါတယ်။  

ခတ်ခဲ့ကြမ်းတမ်းတဲ့ ဘဝတွေကို ဖြတ်သန်းခဲ့ရသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ငယ်ဘဝပုံရိပ်တွေကတော့ ပြန်လည်တွေ့မြင်နိုင်ဖို့ အလွန်ရှားပါးတာကိုတော့ အားလုံးလည်း သိမယ်ထင်ပါတယ်။ အမေစုရဲ့ အတိတ်ကလှုပ်ရှားမှုလေးတွေကတော့ အလွန်ရှားပါးပြီး ပြန်လည်တွေ့မြင်နိုင်ဖို့ မလွယ်ကူတာပဲဖြစ်ပါတယ်။ အဆိုပါ အတိတ်ကအမေစုရဲ့ အကဗီဒီယိုဖိုင်လေးတစ်ခုကတော့ လက်တလောပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ ကချင်ရိုးရာဝတ်စုံနဲ့အတူ ကချင်မနောအကကို ကိုယ်တိုင်ပါဝင်ကပြခဲ့တဲ့ ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်။  

အဆိုပါ ဗီဒီယိုဖိုင်လေးကတော့ ကချင်ပြည်နယ် နာမည်ကြီး မနောကွင်းကြီးထဲမှာ ကချင်တိုင်းရင်းသားများနှင့်အတူ တွဲကပြခဲ့တာဖြစ်ပြီး လာရောက်ကြည့်ရှု့သူတိုင်းကို ကြည်နူးစေခဲ့တာပဲဖြစ်ပါတယ်။ တိုင်းရင်းသားစည်းလုံးမှုနဲ့ တစ်သွေးတစ်သားတည်းဖြစ်အောင် အဓိကစွမ်းဆောင်ပေးနေတဲ့ အမေစုရဲ့ ကချင်ရိုးရာမနောအက ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေလိုက်ပါတယ်။

Video - thawhtoo lwin 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။