ပရိသတ်ကြီးရေ.. မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်မှုတွေကို ယနေ့ထိတိုင်အောင် အခိုင်အမာသိမ်းပိုက်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ သူငယ်ချင်းတွေကတော့ အတူဆုံပြီး ပရိသတ်တွေကို သီချင်းလေးတွေ ဆိုပြခဲ့ကြပါတယ်..။

စိုင်းစိုင်း၊ G-Fatt၊ ဘန်နီဖြိုး၊ ဖြိုးလေးနဲ့ နေဝင်းတို့ သူငယ်ချင်း (၅)ယောက် အတူဆုံတုန်းလေး ဂီတာတီးကာ ပျော်ပျော်ပါးပါးနဲ့ သီချင်းလေးတွေအတူ ဆိုပြခဲ့ကြတာပါ..။

သူတို့သူငယ်ချင်းတွေကတော့ မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားကြသလို ယောင်္ကျားပရိသတ်တွေနဲ့ လူငယ်ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်တွေပဲ ဖြစ်ပါတယ်နော်..။

အခုလည်း စိုင်းစိုင်းရဲ့ နာမည်ကျော်သီချင်းတွေထဲက တစ်ပုဒ်ဖြစ်ခဲ့တဲ့ နွေရာသီလမ်းခွဲ သီချင်းလေးအပြင် ဂျီဖတ်နဲ့ ဖြိုးလေးတို့ရဲ့ သီချင်းလေးတွေကိုပါ အတူ ဆိုပြခဲ့တာပဲ ဖြစ်ပါတယ်..။

စိုင်းစိုင်းတို့ သူငယ်ချင်းတွေတစ်သိုက် ဂီတာလေးတွေတီပြီး အဖွဲ့လိုက်အတူဆိုပြခဲ့ကြတာမို့ ပရိသတ်တွေကလည်း သဘောအကျကြီး ကျနေကြတာလည်း Comment လေးတွေမှာ မြင်တွေ့ရပါတယ်နော်..။

Mynmarload ပရိသတ်တွေအတွက်လည်း စိုငးစိုင်းဆို့သူငယ်ချင်းတွေရဲ့ လူစုကာ ဂီတာလေးတီးပြီး သီဆိုပြထားတဲ့ သီချင်းဗီဒီယိုလေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယေ်နာ်..။

Photo - Kaung Htet Shine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။