ချင်းတိုင်းရင်းသူလေးဖြစ်ပြီး စကားပြော ချိုသာယဉ်ကျေးတဲ့ မင်းသမီးချောလေး သက်မွန်မြင့်ကတော့ လူချစ်လူခင် ပေါများတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ သက်မွန်မြင့်က အနေအထိုင် သိမ်မွေ့ပြီး တကယ့်ကို ဟန်ဆောင်မှုကင်းကင်း ပြောဆိုဆက်ဆံတတ်တာကြောင့် သူမကို အားပေးတဲ့ပရိသတ်တွေက အများအပြားရှိနေကြတာ ဖြစ်ပါတယ်။ ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ ချစ်သက်က ထပ်ဆင့်အကယ်ဒမီဆုပိုင်ရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ ချစ်သက်တစ်ယောက် ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသလို ဆိုင်ဖွင့်ပွဲလေးတွေလည်း ဆက်တိုက်တက်ရောက်နေရပါတယ်။ ချစ်သက်တက်ရောက်တဲ့ အနယ်နယ် အရပ်ရပ်က ဆိုင်ဖွင့်ပွဲတိုင်းမှာတော့ သူမရဲ့ပရိသတ်တွေကို အရောက်လာအားပေးပြီး သူမအတွက် အဝါရောင်လက်ဆောင်လေးတွေကို ပေးပို့လေ့ရှိကြပါတယ်။ ဒါကြောင့် ချစ်သက်က သူမကို တန်ဖိုးထားတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုလိုက်တာ တွေ့ရပါတယ်။ ချစ်သက်က သူမရဲ့ပရိသတ်တွေကို ဆုချတဲ့အနေနဲ့ မိသားစုစုံစုံလင်လင်ရှိတဲ့ အချိန်လေးမှာ ပျော်ပျော်ပါးပါး Live လွှင့်ပေးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ချစ်သက်က " December လထဲမှာကို ပွဲတွေတောက်လျှောက် တက်ရတယ်! ပွဲတိုင်းကို အဝါရောင်လေးတွေ လာဝန်းရံကြတယ်! ကျွန်မမှ မပျော် ဘယ်သူပျော်မှာလဲနော်ဒီ ချစ်ခြင်းမေတ္တာတွေနဲ့ ရှင်သန်ရတဲ့ ဘဝ ကျေနပ်ကြည်နူးစရာ! ကျေးဇူးအထူးပါလို့! ပြိုင်ပွဲတွေဆိုလည်း အနိုင်ယူပေးကြတယ် အဝါရောင်လေးတွေကို ဆုချတဲ့အနေနဲ့ family live လွှင့်ပေးမလို့ကို ဒီနေ့ ဟိုပြေးဒီပြေးဆိုတော့ ဒီနေ့လည်း ဆောတီးပါလို့ နောက်ဆုံးပုံလေးသာကြည့်တော့ ပုံတိုင်း ခံစားချက်တွေပါတယ်လို့ " ဆိုပြီး ပရိသတ်တွေအတွက် ချစ်ခြင်းမေတ္တာတွေနဲ့ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေရဲ့ မေတ္တာနဲ့ပျော်နေတဲ့ ချစ်သက်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thet Mon Myint; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။