လီဗာပူးအသင်းသည် နောက်ဆုံးကစားသည့်နှစ်ပွဲဆက်တိုက် ရှုံးပွဲကြုံခဲ့ရသော်လည်း အသင်းတိုက်စစ်မှူး မိုဟာမက်ဆာလက်ချ်သည် ဒီဇင်ဘာလအတွက်ပေးအပ်သည့် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခဲ့သည်။ ဆာလက်ချ်သည် ဒီဇင်ဘာလအတွင်း လီဗာပူးအသင်းကစားခဲ့ရသော ပရီးမီးယားလိဂ်ခုနှစ်ပွဲစလုံး အနိုင်ရရှိစေရန် ခြေစွမ်းပြကာ ခြောက်ဂိုးသွင်းနိုင်ခဲ့ခြင်းကြောင့် ချယ်လ်ဆီးမှ ဟာဇက် ၊ စပါးမှ ဟယ်ရီကိန်း ၊ လက်စတာမှ ရီကာဒိုပါရီးယား ၊ မန်ယူမှ ပေါ့ဂ်ဘာနှင့် ရက်ရှ်ဖို့ဒ်တို့ကို ကျော်ဖြတ်ကာ အကောင်းဆုံးဆု ရရှိခဲ့ခြင်းဖြစ်သည်။ 

အသက် ၂၆ နှစ်ရှိပြီဖြစ်သော ဆာလက်ချ်သည် ပြီးခဲ့သည့်ဘောလုံးရာသီတွင်လည်း ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်အဖြစ် ၃၂ ဂိုးသွင်းနိုင်ခဲ့ပြီး ပီအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိနိုင်ခဲ့သည်။ ယခုရာသီတွင်လည်း ဆာလက်ချ်သည် ပရီးမီးယားလိဂ်သွင်းဂိုး ၁၃ ဂိုးအပါအဝင် လီဗာပူးအတွက် သွင်းပေးထားနိုင်ခဲ့သော ကစားသမားပဲဖြစ်ပါသည်။ အဆိုပါဆု ရရှိနိုင်ခဲ့ခြင်းသည် အသင်းဖော်များ၏ ပံ့ပိုးပေးမှုကြောင့်သာ ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆာလက်ချ်ကပြောကြားခဲ့သည်။ 

နိုင်ငံလက်ရွေးစင်အသင်းဖြစ်တဲ့ အီဂျစ်အသင်းအတွက်လည်း (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ အီဂျစ်အသင်း အနေနဲ့ အနှစ်(၂၀)ကျော်ဝေးကွာနေခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ဆာလက်ချ်သည် ယခုရာသီတွင် ပရီးမီးယားလိဂ်တစ်လတာ အကောင်းဆုံးဘောလုံးသမားဆုကိုရရှိသော တတိယမြောက်ကစားသမားဖြစ်လာပြီး ယင်းမတိုင်မီ တောင်ပံကစားသမားဆာဒီယိုမာနေးသည် သြဂုတ်လ၏အကောင်းဆုံးကစားသမားဆုနှင့် ဗဟိုခံတိုက်စစ်မှူးဗန်ဒစ်သည် နိုဝင်ဘာလ၏အကောင်းဆုံးကစားသမားဆုတို့ကို ဆုခူးနိုင်ခဲ့သည်။

Source - Sky Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။