မြန်မာနိုင်ငံရဲ့ ဖက်ရှင်မော်ဒယ်လ်လောကို ထိပ်တန်းက ပြေးနေတဲ့ Professional Role Modelတစ်ယောက်ဖြစ်တဲ့ ကချင်တိုင်းရင်းသူလေး မော်ဒယ် အောန်ဆိုင်းဟာသူမရဲ့ အနုပညာအလုပ်တွေကို မောဒယ်လ်တစ်ယောက်အဖြစ်သာ စတင်ခဲ့ပြီး သူမရဲ့ တည့်မတ်တဲ့ ရည်ရွယ်ချက်ကြောင့်လည်း အောင်မြင်မှုတစ်ခုရရှိလာသူပါ။ အနုပညာလောကမှာ နာမည်ရနေတဲ့ ငွေကြယ်ပွင့်တစ်ဦးလို့ ဆိုရင်လည်းမမှားနိုင်သလို Fashion Show , Wedding Show စသဖြင့် မြန်မာနိုင်ငံ မော်ဒယ်လ်လောကရဲ့ Runwayမှာ ရှေ့ဆုံးက မြင်တွေ့ရသူပါ။

သူမရဲ့ အသက်မွေးဝမ်းကြောင်း အနုပညာဖြစ်တဲ့ မော်ဒယ်လ်အလုပ်တစ်ခုတည်းကိုသာ တစိုက်မတ်မတ် လုပ်ဆောင်ပြီးကျန်းမာရေးကို အထူးတလည်လိုက်စားသူဖြစ်ကာ Gymဆော့ဖြင်းဖြင့် သူမရဲ့ ကိုယ်ခန္ဓာအချိုးအစား ကို အထူးတည် ထိန်းသိမ်းနိုင်သူလည်းဖြစ်ပါတယ်။ ထူးထူးခြားခြားမိန်းကလေး တစ်ဦးအနေနဲ့ စွန့်စွန့်စားစားနဲ့ အပင်ပန်းခံရတာ ကြိုက်နှစ်သက်တတ်တဲ့ အောန်ဆိုင်းဟာခရီးထွက်တိုင်း အတွေ့အကြုံသစ်တွေကို အမြဲတမ်းရှာဖွေတတ်သူဖြစ်ပါတယ်။ ပြည်ပခရီးတွေ သွားတိုင်း မြင်းစီးခြင်း၊ Surfing(လှိုင်းစကိတ်စီး)လုပ်ခြင်၊ Sky diving ( ဝေဟင် ပေါ်မှ လေထီးဖြင့်ဒိုင်ဗင်ထိုးခြင်း) နဲ့ ရေကူးခြင်း စသဖြင့် ကြုံတောင် ကြုံခဲ အတွေ့အကြုံတွေကို ရှာဖွေတာ ကြိုက်နျစ်သက်သူတစ်ဦးဖြစ်ပါတယ်။

အမြဲစမတ်ကျကျ ဝတ်စားတတ်သူ သူမဟာ အမြဲတမ်း ဖက်ရှင်လ်ကျ လှပကျော့ရှင်း နေသလို သူမလေ့လာ လိုက်စားတဲ့ Lifestyleကလည်း မိန်းကလေးတွေတိုင်းအားကျရလောက်စရာဖြစ်ပါတယ်။ လတ်တလောမှာ အောန်ဆိုင်းကိုယ်တိုင် ပထမဆုံးသရုပ်ဆောင်ထားတဲ့ နိုင်ငံကြီးသား ဆိုတဲ့ ရုပ်ရှင်လေး ထွက်ရှိဖို့ရာရှိသလို အနုပညာလှုပ်ရှားမှုအနေနဲ့ ဧကရီဘုရင်မတစ်ယောက်ရဲ့ ပြင်ဆင်မှုနဲ့အတူ အနုပညာလှုပ်ရှားမှုတချို့ ပြုလုပ်နေပြီး ရှေးမြန်မာအမျိုးသမီး ဧကရီဘုရင်မတစ်ဦးရဲ့ချပ်ဝတ်ဆန်ဆာအပြည့်အစုံနဲ့ အပိုအလိုမရှိအောင် ရဲဝင့်လှပနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

source: Awn seng;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။