သရုပ်ဆောင် ဝေဠုကျော်နဲ့ သရုပ်ဆောင် ခိုင်နှင်းဝေတို့ အနုပညာမောင်နှမနှစ်ယောက်ကတော့ ပရဟိတအလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေကြတဲ့ အနုပညာရှင်နှစ်ဦး ဖြစ်ပါတယ်။ အမှန်တကယ် အကူအညီ လိုအပ်နေတဲ့ နေရာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး အလှူတွေပြုလုပ်နေတဲ့ သူတို့ပရဟိတမောင်နှမက တကယ့်ကို လေးစားစံတင်လောက်သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့နှစ်ဦးရဲ့စိတ်ဓာတ်ကို ပြည်သူတစ်ရပ်လုံးက လေးစားတန်ဖိုးထားကြတာ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း ဝေဠုကျော်နဲ့ ခိုင်နှင်းဝေတို့နှစ်ယောက်က လူထုအကျိုးပြု ဂုဏ်ထူးဆောင် သံတမန်ဆုတွေကို အသီးသီး ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ အခုလည်း နာဂဒေသ ခရီးစဉ်သို့ သွားရောက်ရင်း ပရဟိတပေါင်းစုံ ကွန်ယက်ကြီးရဲ့ ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ဝေဠုကျော်က ခန့်အပ်ခြင်းခံခဲ့ရသလို ခိုင်နှင်းဝေကလည်း ဂုဏ်ထူးဆောင် ဒုဥက္ကဌ (၂) အဖြစ် ခန့်အပ်ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ လူထုအတွက် တကယ့်ကိုအကျိုးရှိတဲ့ ပရဟိတမောင်နှမအတွက်ကတော့ ဂုဏ်ယူစရာကောင်းလှပါတယ်။

အခုလည်း ဝေဠုကျော်က " နာဂဒေသသို့ ခရီးစဉ်သွားရင်း မနေ့က မြင်းမူမြို့နယ်လုံးဆိုင်ရာ ပရဟိတ ပေါင်းစုံ ကွန်ရက်ကြီး၏ နှစ်ပတ်လည် ညီလာခံသို့ တက်ရောက်ပြီး ဂုဏ်ထူးဆောင် ဥက္ကဌအဖြစ် ခန့်အပ်ခြင်းကို ဂုဏ်ထူးဆောင် ဒုဥက္ကဌ (၁) အဖြစ် ဦးမောင်မောင်သန့်ဂုဏ်ထူးဆောင် ဒုဥက္ကဌ(၂)အဖြစ် မခိုင်နှင်းဝေ တို့နှင့်အတူ လက်ခံရယူခဲ့ပါသည်။ " ဆိုပြီး ပရိသတ်တွေကို အသိပေးထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဂုဏ်ထူးဆောင်ဆုတွေ ထပ်မံဆွတ်ခူးလိုက်ရတဲ့ ဝေဠုကျော်နဲ့ ခိုင်နှင်းဝေတို့ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Wai Lu Kyaw Foundation;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။