ပရိတ်သတ်ကြီးရေ... စကားပြောရင်လျှာသွက်သွက်ကလေးနဲ့ပြောတတ်တဲ့ မင်းသမီးလေး အေးမြတ်သူကို ပရိတ်သတ်ကြီးသိမှာပါနော်။ ရင်ခုန်ဖို့ကောင်းတဲ့ ပါးချိုင့်လေးကိုပိုင်ဆိုင်ထားတဲ့ မင်းသမီးလေးဖြစ်ပြီး သူမရဲ့အမိုက်စားခန္တာကိုယ်လေးကြောင့် ပုရိသတွေ ရဲ့အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ သရုပ်ဆောင်မလေးတစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။

သူမဟာ အချစ် အမုန်း အလွမ်း ကျရာနေရာမှာ အကောင်းဆုံးသရုပ်ဆောင် ပြနိုင်တဲ့ မင်းသမီးလေးတစ်ယောက်လည်းဖြစ်ပါတယ်နော်။ သူမဟာရုံတင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ထားခဲ့သူဖြစ်ပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ နောင်တွင်ဥဒါန်းတွင်စေသတည်း ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း မကြာသေးခင်ကမှရုံတင်ပြသခဲ့ပါသေးတယ်။

သူမဟာအလုပ်ကိစ္စတွေကြားမှာ အရမ်းကိုပင်ပန်းနေခဲ့ရပြီး ၂၀၁၈အကုန် ၂၀၁၉အကူးမှာတော့ သူမရဲ့အလုပ်ကိစ္စတွေကို ခနမေ့ထားပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့ ခရီးလေးတွေကို သူငယ်ချင်းတွေနဲ့ အတူတူ ထွက်ဖြစ်နေပါတယ်နော်။ အခုလည်း ချင်းတွင်းမြစ်ထဲမှာ သင်္ဘောလေးစီးပြီး လည်ပတ်နေတဲ့ သူမရဲ့ ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ထားခဲ့ပါတယ်။ အင်္ကျီပါးပါးလေးကိုဝတ်ဆင်ထားပြီး ဆောင်းတွင်းရဲ့ အအေးဒဏ်ကိုအံတုကာ အရမ်းကိုလှပနေတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Aye Myat Thu

Photo Crd: PHYO HTET KHINE @PTK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။