၁၉၉၂တုန်းက ရုပ်ရှင်ကားဖြစ်တဲ့ Bram Stoker's Dracula ရဲ့ဇာတ်ဝန်းခန်းတစ်ခန်းမှာ မင်းသား Keanu Reeves နဲ့ မင်းသမီး Winona Ryder တို့ လက်ထပ်တဲ့အခန်းတစ်ခန်းပါဝင်ခဲ့ပါတယ်။ ခုဆိုရင်တော့ သူတို့ဟာ အပြင်မှာတကယ်ပဲ လက်ထပ်ကြတော့မှာဖြစ်ပါတယ်။The Talk ဆိုတဲ့ အစီအစဉ်မှာ Keanu ဟာစကားပြောနေစဉ် သူ့ဆိကို Winona က " Hello Husband " ဆိုပြီး message ပိုခဲ့ပါတယ်။ တော်တော်ကိုချစ်တတ်တဲ့ သူတွေပါလားနော်....။

Keanu ဟာခုချိန်မှာ အသက် ၅၄နှစ်ရှိပြီးဖြစ်ပြီး မိန်းမနဲ့ကလေးရှိခဲ့ပေမဲ့ နှစ်ယောက်လုံးဟာ သေဆုံးခဲ့ကြပါပြီ။ Winona ကတော့ခုချိန်မှာ အသက် ၄၇နှစ်ရှိပြီပဲဖြစ်ပါတယ်။ Carrie Anne Inaba က The Talk မှာ Kenau ကို အင်တာဗျူးနေစဉ် " ရှင်ကတော့ ၁၉၉၂ရုပ်ရှင် ပိတ်ကားပေါ်မှာ Winona နဲ့ လက်ထပ်ပြီပြီး....ခုလဲ အပြင်မှာထပ်ပြီး လက်ထပ်အုန်းမယ်ပေါ့ " ဆိုပြီး ပြောခဲ့ပါတယ်။ " အာ့ပြောတာပေါ့ဗျာ " ဆိုပြီး Keanu က ပြုံးပြီးပြန်ပြောလိုက်ပါတယ်။

ဆက်လက်ပြီး Carrie က " ခုကိစ္စနဲ့ပတ်သတ်ပြီးတော့ အထိမ်းအမှတ်ပွဲ ကျင်းပအုန်းမှာလာရှင် " Kenau က " ဟုတ်ကဲ့ ကျွန်တော်တို့ကျင်းပအုန်းမှာပါ..... ကျွန်တော်ခုလိုမျိုးဖြစ်လာမယ်လို့မထင်ဘူးခဗျ....ရုပ်ရှင်ကားထဲမှာ လက်ထပ်ခဲ့ပြီး အပြင်မှာပါ တကယ်လိုက်ထပ်လိုက်ရတာ မယုံနိုင်ဘူးဗျာ " ဆိုပြီးပျော်ရွှင်စွာ ဆက်လက်ပြောဆိုခဲ့ပါတယ်။ Winona ကလဲ " ကျွန်မတို့ Dracula ကားထဲမှာ တကယ်လက်ထပ်ကြတာလား....မဟုတ်ပါဘူး.....ကျွန်မတို့ တကယ်ဘဝထဲမှာ လက်ထပ်ခဲ့ကြတာပါ " ဆိုပြီးပြောခဲ့ပါတယ်။ သူ့တိုဟာ ရုပ်ရှင်ကားတွေလဲ အတူတူရိုက်ခဲ့ပါသေးတယ်။

Source : Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။