လက်ရှိမှာတော့ "မုန်းစွဲ " ရုပ်ရှင်ဇာတ်ကားကြီးက နဝမ (၉) ပတ်မြောက်အထိ ရုံတင်ပြသခွင့် ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဖြစ်ရပ်မှန်တရားတော်ကို အခြေခံရိုက်ကူးထားတဲ့ ဒီဇာတ်ကားကြီးက မြန်မာနဲ့ စင်ကာပူနှစ်နိုင်ငံလုံးမှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားကြီးက ၂၀၁၈ ခုနှစ်ရဲ့ အကယ်ဒမီဆုတွေအတွက် ရေပန်းစားဆုံးနေရာမှာ ရပ်တည်နေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအဖြစ်လည်း သတ်မှတ်ခြင်းခံထားရပါတယ်။

ဝါရင့်အနုပညာရှင်တွေနဲ့ ဒါရိုက်တာတော်တော်များများရဲ့ ချီးကျူးအားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ "မုန်းစွဲ" ဇာတ်ကားကြီးရဲ့အောင်မြင်မှုကတော့ တကယ့်ကို အံ့မခန်းလောက်အောင်ပါပဲ။ အခုလည်း "မုန်းစွဲ" ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကိုပေါက်က ချီးကျူးစကားဆိုလိုက်ပါတယ်။ ကိုပေါက်က မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၈ခုနှစ်မှာ သူရဲ့အကြိုက်ဆုံးရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တယ်ဆိုပြီး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ကိုပေါက်က " ၂၀၁၈ ထဲမှာ ပရိသတ်နေရာက ကျွန်တော်အကြိုက်ဆုံးရုပ်ရှင်။ " ဆိုပြီး အနုပညာရှင်တစ်ယောက်အနေနဲ့ မဟုတ်ဘဲ ပရိသတ်နေရာကနေ ခံစားပြီး ချီးကျူးထားတာ ဖြစ်ပါတယ်။ ရုံတင်ပြသခွင့် အကြာဆုံး ရရှိထားတဲ့ "မုန်းစွဲ" ရုပ်ရှင်ဇာတ်ကားကြီးက ထပ်ခါထပ်ခါ ကြည့်ရှုသူတွေနဲ့ အောင်မြင်နေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၈ ခုနှစ်ရဲ့ အကယ်ဒမီငွေကြယ်ပွင့်တွေကိုလည်း သိမ်းပိုက်နိုင်မယ်လို့ အားလုံးက အခိုင်အမာ ယုံကြည်နေကြတာ ဖြစ်ပါတယ်။

Source:Aung Min Naing; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။