ပရိသတ်တွေနဲ့ သိပ်ပြီးတော့ မရင်းနှီးသေးတဲ့ ဗီဒီယိုမင်းသမီးလေးဖြစ်တဲ့ ခိုင်သဇင်ဦးဟာဆိုရင် တက်သစ်စ ဗီဒီယိုမင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ သရုပ်ပိုင်းမှာလည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားနေတဲ့ ခိုင်သဇင်ဦးက ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ အလုပ်တွေကြိုးစားနေတာကို မြင်ရမှာဖြစ်ပြီး ပရိသတ်တွေအတွက် အရည်အချင်းရှိတဲ့ မင်းသမီးကောင်းတစ်လက်ဖြစ်လာအောင် ကြိုးစားနေသူတစ်ဦးပဲ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဗီဒီယိုရုပ်ရှင်တွေ ရိုက်ကူးခွင့်မရှိတော့တာကြောင့် တက်သစ်စမင်းသမီးတစ်ဦးအနေနဲ့ ရုပ်ရှင်ကားတွေ သိပ်ပြီး မရိုက်ရပေမယ့် မော်ဒယ်နဲ့ တေးသီချင်း MTVတွေမှာ အကောင်းဆုံးကြိုးစား ရိုက်ကူးလျက်ရှိပါတယ်။ သူမချစ်တဲ့ အလုပ်ကို တန်ဖိုးထားပြီး ဇွဲရှိရှိနဲ့ ကြိုးစားလုပ်ကိုင်တတ်တဲ့ စိတ်ဓာတ်ကတော့ ချီးကျူးစရာပါပဲ။ ပရိသတ်တွေရဲ့ အချစ်တော်လေး ခိုင်သဇင်က မကြာသေးခင်က ကျရောက်ခဲ့တဲ့ သူမရဲ့ မွေးနေ့လေးမှာ အ၇မ်းကို မွန်မြတ်လှတဲ့ အလှူဒါနတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သူမရဲ့ မွေးနေ့ပွဲလေးမှာ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဆီမီး (၁၀၀၀) ကပ်လှူပူဇော်ခဲ့တာပဲ ဖြစ်ပါတယ်။ " မွေးနေ့ညရဲ့ဆီမီး(၁၀၀၀)အလှူဒါန်း အရင်နှစ်တွေကဆီမီး(၅၀၀)ပဲလှူဒါန်းနိုင်ခဲ့ပေမယ့် ဒီနှစ်တော့အဓိဌာန်ထား တဲ့အတိုင်းဆီမီး(၁၀၀၀)တိတိလှူဒါန်းနိုင်ခဲ့ပြီ ကိုယ့်အလှူလေးကျမှဆောင်းတွင်းမှာ ညဘက်ကြီးမိုးရွာချခဲ့လို့အေးချမ်းတဲ့ အတိတ်ကိုဆောင်တယ်ပဲယူဆခဲ့ပြီး(၁၀၀၀)ပြည့်အောင်ဘုရားဖူးလာဧည့်သည်များနဲ့ အတူကုသိုလ် ယူလှူဒါန်းနိုင်ခဲ့လို့ကြည်နူးမိခဲ့ပါတယ်" ဆိုရင်း ဘုရားဖူးလာရောက်ကြတဲ့ ပရိသတ်တွေကို အချိုရည်ဗူးတွေ လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source:Khin Thazin Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။