ပရိတ်သတ်ကြီးရေ နှင်းဝတ်ရည်သောင်း အေးဝတ်ရည်သောင်း ဆွိဝတ်ရည်သောင်းတို့ ညီအမသုံးယောက်က တစ်ခေတ်တစ်ခါတည်းကအနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်ခဲ့တဲ့ မင်းသမီးတွေဖြစ်ပါတယ်။အေးသောင်း နှင်းသောင်း တို့က အရင်ခေတ်ကသင်္ကြန်တွေမှာဆိုရင် ငွေငန်းအဖွဲ့နဲ့လိုက်ပြီး သင်္ကြန်အကလေးတွေနဲ့ဖျော်ဖြေခဲ့တာပါ။ဇာတ်ကားတွေအများကြီးကိုလည်း ရိုက်ကူးခဲ့ပြီး ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်ခြင်းတွေကိုရရှိခဲ့ပါတယ်နော်။ 

နှင်းသောင်းက လက်ရှိမှာ နိုင်ငံခြားမှာနေပြီး မြန်မာပြည်ကိုလည်း တစ်နှစ်တစ်ခါလောက် မိသားစုဆီကိုပြန်လာလည်ပါတယ်။နှင်းသောင်းက အနုပညာအလုပ်တွေကိုတော့မလုပ်တော့ဘဲ ညီမငယ်အေးသောင်းကတော့ အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်ပြန်လည်လုပ်ဆောင်နေပြီဖြစ်ပါတယ်။ညီအစ်မသုံးယောက်လုံးက စည်းစည်းလုံးလုံးနဲ့ အရမ်းကိုချစ်ခင်ကြပြီး တစ်ခြားညီအစ်မတွေအားကျရလောက်တဲ့ ညီအစ်မတွေဖြစ်ပါတယ်။ 

နှင်းသောင်းက ယခုမှာ မြန်မာပြည်ကိုပြန်လာလည်ပြီး ညီအစ်မသုံးယောက်လုံး လည်ပတ်စားသောက်ကာ ပျော်ပျော်ပါးပါးနေနေကြတာဖြစ်ပါတယ်။နှစ်ပတ်ပြည့်ပြီးတဲ့အချိန်မှာတော့ နေရပ်ကိုပြန်ရတော့မယ် ချစ်မကြီး နှင်းသောင်းကို မိသားစုဝင်တွေက လေဆိပ်ကို လိုက်ပို့ပေးကြပါတယ်။မခွဲခွာချင်ပေမယ့်လည်း အလုပ်ကိစ္စတွေက ရှိသေးတော့ နှင်းသောင်းကတော့ နေထိုင်ရာဒေသကို ပြန်ရဦးမှာပါ။ကျန်နေခဲ့ရမယ့် ညီမငယ်နှစ်ယောက်ကတော့ ရင်ထဲကမခွဲခွာချင်ပေမယ့်လည်း ပြုံးပြုံးလေးနဲ့ဘဲ မကြီးနှင်းသောင်းကို လေဆိပ်လိုက်ပို့ခဲ့ပါတယ်နော်။

Source:Sweetwutt Yi Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။