ပြည်တွင်းမကြာခဏ ကြားသိနေရတဲ့ သဘာဝဘေးအန္တရယ်တွေထဲမှာ ရေဘေး ၊ မီးဘေးကတော့ ပြည်တွင်းအမြဲလိုလိုကြားသိနေရတဲ့ သတင်းတွေပဲဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ဆိုရွားတဲ့ ရလဒ်များစွာရရှိခဲ့ပြီး လူသေမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေကတော့ မရည်အတွက်နိုင်အောင်ရှိခဲ့တာပဲဖြစ်ပါတယ်။ ဇန်နဝါရီလ ၉ရက်နေ့ မနေ့က ညပိုင်းမှာလည်း ဆိုးရွားပြင်းတန်တဲ့မီးလောင်မှုကြီးတစ်ခုကတော့ စစ်တွေမြို့ တရားရုံးပေါ်တွင်ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဖြစ်စဉ်ကတော့ ဇန်နဝါရီလ ၉ရက်နေ့ မနေ့ည ၁၁ နာရီ ၄၀ မိနစ်အချိန်ခန့်က စစ်တွေခရိုင်၊ စစ်တွေမြို့ ပြည်တော်သာရပ်ကွက်၊ မေယုလမ်း ပြည်နယ်တရားရုံးဝင်းအတွင်းဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ၎င်းမီးလောင်မှုဖြစ်ပွားနေကြောင်းကို ဆိုင်ကယ်ဖြင့်လာရောက် သတင်းပေးပို့သဖြင့် စစ်တွေခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဦး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်(၇)ဦးနှင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ မီးလောင်မှုကြောင့် ပြည်နယ်တရားရုံးဝင်းအတွင်း သက်သေခံသိမ်းဆည်းထားသော ဆိုင်ကယ်(၄၆)စီးနှင့် ဆိုက်ကား(၁)စီးတို့ မီးလောင်းဆုံးရှုံးခဲ့ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။ ဆိုးဆိုးရွားရွားလောင်ကျွမ်းခဲ့တဲ့ အဆိုပါမီးလောင်မှုဗီဒီယိုဖိုင်နှင့် မီးလောင်ပြီး ပုံရိပ်များကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VIDEO - FIRE FORCE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။