Lexi Sinclairလို့ခေါ်တဲ့ အမျိုးသမီးဟာ သားငယ်လေး Christian ကို လွန်ခဲတဲ့လေးလကမှ မွေးဖွားပေးခဲ့တာပါ။ တစ်နေ့မှာ Lexiဟာ သားငယ်လေးကို ချီပြီး အိမ်နားက ရေကူးကန်ကို အပန်းဖြေသွားတဲ့အချိန် အမျိုးသမီးတစ်ယောက်ဟာ Lexiကို လာရောက်ပြီး အမေတစ်ယောက်ဖြစ်ပြီး ရေကူးဝတ်စုံကို Sexyကျကျဝတ်ထားတဲ့အတွက် ရေကူးကန်မှာရှိတဲ့အမျိုးသားတွေအတွက် အဆင်မပြေကြောင်း၊ ရေကူးဝတ်စုံကို လုံလုံခြုံခြုံ တစ်ဆက်တည်းဟာ ဝတ်ဖို့ လာရောက်ပြောကြားခဲ့ပါတယ်။

အသက် ၅၀ အရွယ်လောက်ရှိတဲ့ ထိုအမျိုးသမီးကို Lexiကလဲ မသိပါဘူး။ ဒီလိုလာပြောတဲ့ အမျိုးသမီးကို Lexiကနေ ပြုံးပြုံးလေးပဲပန်ပြောခဲ့ပါတယ်။ Lexiဟာ တစ်နှစ်အတွင်းကိုယ်အလေးချိန်အများကြီးတိုးလာသလို၊ တစ်ချိန်တည်းမှာပဲ ကိုယ်အလေးချိန်အများကြီးလျှော့ချခဲ့ရသူပါ။ ပြန်လည်နာလန်ထူကာစဖြစ်တဲ့သူမဟာ သားလေး Christianကိုမွေးဖွားပေးခဲ့ပြီး လူလားမြောက်အောင်ပြုစုပျိုးထောင်နေရသူဖြစ်လို့ ဂုဏ်ယူမိပြီး ဗိုက်ပေါ်က အကြောပြတ်တဲ့အရာတွေ၊ အမာရွတ်တွေအတွက် သူမ မရှက်ဘဲ ဂုဏ်ယူကြောင်း ထိုအမျိုးသမီးကို ပြန်လည်ပြောကြားခဲ့ပါတယ်။

သူမဟာ ဒီအကြောင်းကို လူမှုကွန်ယက်မှာတင်ခဲ့တဲ့ အချိန်မှာ လူအတော်များများက ပြန်လည်ဝေမျှခဲ့ပြီး သူမဘက်ကနေ အားပေးစကားတွေ ပြောကြားပေးခဲ့ပါတယ်။

Source : inspiremore

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။