ရုပ်ရှင်သရုပ်ဆောင် မင်းသားချော နိုင်းနိုင်းကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သားတစ်ယောက်၊ သမီးသုံးယောက်ရဲ့ ဖခင်ဖြစ်တဲ့ နိုင်းနိုင်းက ချောမောခန့်ညားတဲ့ ရုပ်ရည်ကြောင့် ယနေ့တိုင်အောင် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကို ရယူထားနိုင်တာ ဖြစ်ပါတယ်။ အရည်အချင်းရှိပြီး မိသားစုအပေါ်တာဝန်ကျေတဲ့ နိုင်းနိုင်းက လက်ရှိမှာ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်အဖြစ် အားလုံးရဲ့လေးစားအတုယူခြင်းခံနေရတာ ဖြစ်ပါတယ်။

ရေမြေခြားမှာ မိသားစုနဲ့ဝေးကွာခဲ့ရတဲ့ နိုင်းနိုင်းက အခုတော့ New York မြို့မှာရှိတဲ့ သူရဲ့မိသားစုလေးဆီ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်။ နိုင်းနိုင်းက ချစ်ဇနီးလေးရဲ့ မွေးနေ့နဲ့ သူတို့ဇနီးမောင်နှံရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးအမှီ မိသားစုရှိရာကို အရောက်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ နိုင်းနိုင်းက မိသားစုနဲ့အတူ ခရီးတွေထွက်ရင်း ပျော်ရွှင်နေသလို သား၊သမီးလေးတွေကိုလည်း မနက်တိုင်း ကိုယ်တိုင်ကျောင်းပို့၊ ကျောင်းကြိုပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

အခုလည်း နိုင်းနိုင်းတို့မိသားစုလေးက လူစုံတက်စုံနဲ့ Facebook မှာ Live လွှင့်ရင်း ပရိသတ်တွေနဲ့ စကားတွေတစ်ဝကြီး ပြောခဲ့ကြပါတယ်။ ချစ်စရာကောင်းတဲ့ သား၊သမီးလေးတွေနဲ့ တစ်ပျော်တစ်ပါးကြီး စကားတွေပြောနေတဲ့ သူတို့မိသားစုလေးရဲ့ ဗီဒီယိုဖိုင်လေးမှာတော့ ကလေးတွေအားလုံးက English စကားကိုပဲ အဓိကပြောဆိုကြတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သား၊သမီးလေးတွေနဲ့ အပြုံးပီတိတွေ ဝေဆာနေတဲ့ နိုင်းနိုင်းနဲ့ သူ့မိသားစုလေးရဲ့ ကြည်နူးစရာ Live ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:စန္ဒီ ချို;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။