ရုပ်ရှင်မင်းသား မြင့်မြတ်နဲ့ ရုပ်ချင်းဆင်တယ်လို့ လူသိများနေတဲ့ မော်ဒယ် သရုပ်ဆောင် ရှင်မွေလဟာဆိုရင် လတ်တလောအနုပညာလှုပ်ရှားမှုတွေ အနေနဲ့ကတော့ MTV သီချင်းများနှင့် video များကိုရိုက်ကူးနေပြီဖြစ်ပါတယ်။ ဂျာနယ်တွေ မဂ္ဂဇင်းတွေအတွက်လည်း ဓာတ်ပုံများ ရိုက်ကူးနေတယ်လို့သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားများကတော့ MRTV-4 ဇာတ်လမ်းတွဲများ တွင် ပါဝင် ရိုက်ကူးထားလျက် ရှိပြီး အခုပရိသတ်အများအပြားရဲ့ အားပေးမှုရရှိထားတဲ့ "ပျားရည်အိုင်" ဇာတ်ကားမှာဆိုရင်လည်း သရုပ်ဆောင်ကောင်းတစ်ယောက်အဖြစ် ပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်။

သရုပ်ဆောင်ရှင်မွေလဟာဆိုရင် မိန်းကလေးပရိသတ်တွေရဲ့ အသည်းတွေကိုခြွေယူထားတာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးပဲဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းတာကြောင့်လည်း အချိန်တိုတွင်းမှာတင် နာမည်ရ လူကြိုက်များအောင်မြင်လာတာဖြစ်ပြီး ခန့်ညားထည်ဝါတဲ့ ရုပ်ရည်ရူပကာ ရှိတာကြောင့်လည်းဖြစ်ပါတယ်။

အခုလတ်တလောမှာတော့ သရုပ်ဆောင်ရှင်မွေလဟာဆိုရင် သူရဲ့ ခန့်ညားထည်ဝါတဲ့ ပုံရိပ်ကို လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebookပေါ်တွင် ဖော်ပြနေတာကို ပရိသတ်ကြီးတို့အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း "အပြင်မှာတွေ့ရင် သော်သော်စစ်လို့ခေါ်လိုက် ဖေမြိုင်လို့ခေါ်လိုက်နဲ့ ဆိုတော့ဝမ်းသာပါတယ် ကျေးဇူးလဲတင်ပါတယ် ဒါပေမဲ့ ရှင်မွေလ ကိုလဲမမေ့နဲ့နော်.." ဆိုပြီးပရိသတ်ကိုမှာကြားထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် "ဒီနေ့ည ပျားရည်အိုင် လေးပြန်လာမယ် ပြီးရင် အနုပညာမိုးကောင်းကင် မှာလဲ အင်တာဗျူးလေးလာမယ် ကြည့်ပေးကြဦးနော်" လို့ ဆိုပြီး ဖော်ပြထားတဲ့ status နှင့်တကွ ယောကျာ်းပီသ တဲ့ ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ 

source Shin Mwe La

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။