Miss Mega Expo 2013, Miss Myanmar 2014, Miss Universe 2014 ဆုတွေ အသီးသီးပိုင်ဆိုင်ထားတဲ့ အလှမယ် သျှားထွဋ်အိန္ဒြာတစ်ယောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ မိုင်ယာမီကမ်းခြေမှာ တွေ့ဆုံပြီး အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့တဲ့ ပုံရိပ်လေးတွေကို ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။ မြန်မာဆိုတဲ့ စလွယ်လေးကိုလွယ်ပြီး အမေရိကန်သမ္မတနဲ့ အပြုံးတွေဖလှယ်ပြီး အမှတ်တရ ပုံရိပ်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

သူမက Miss တစ်ယောက်ဖြစ်ပြီး လက်ရှိမှာလည်း အနုပညာလမ်းကြောင်းပေါ်မှာ Model အဖြစ်နဲ့ လျှောက်လှမ်းနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ညိုစိမ့်စိမ့်လေးနဲ့ လှလွန်းတဲ့ သူမရဲ့အသွင်အပြင်ဟာ တကယ့်ကိုမြန်မာဆန်ဆန် ညိုချောလေးတစ်ယောက်ပါပဲ။ သူမဟာ ပုရိသတွေဝန်းရံတဲ့ အချောအလှလေးတွေထဲက တစ်ယောက်ဆိုလည်းမမှားပါဘူး။

ဒေါ်နယ်ထရန့်နဲ့ရိုက်ကူးခဲ့တဲ့ ဒီပုံရိပ်လေးတွေကို သူမရဲ့ Instagram မှာ တင်ထားတာပဲဖြစ်ပါတယ်။ အနီရောင်ကိုယ်ကျပ်ဝတ်စုံလေးထက်မှာ မြန်မာဆိုတဲ့ စလွယ်လေးကိုလွယ်ထားတဲ့ သျှားထွဋ်အိန္ဒြာရဲ့ အပြုံးပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်တယ်နော်။

Photo - Shar Htut Eaindra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။