ရုပ်ရှင်လောကနဲ့ လူရွှင်တော်လောကမှာ နာမည်တစ်လုံးရယူနိုင်ခဲ့ပြီး မျိုးဆက်သစ်လူငယ်များစွာရဲ့ သင်ဆရာ၊ မြင်ဆရာတစ်ဦးဖြစ်တဲ့ ဟာသလူရွှင်တော်ဦးမေတ္တာကတော့ အနုပညာနဲ့ အချိန်အတော်ကြာဝေးကွာခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ သားဖြစ်သူကို အနုပညာလောကထဲ ဆွဲခေါ်ပေးခဲ့နိုင်သူတစ်ယောက်ဖြစ်ပေမယ့် လက်ရှိ ဦးမေတ္တာကတော့ အရေးပေါ်လူနာခန်းထဲရောက်ရှိနေရတာတွေ့ရပါတယ်။ ယနေ့မှာတော့ ပြည်သူချစ်လူရွှင်တော်ကြီး ဦးမေတ္တာတစ်ယောက် အာရှတော်ဝင်ဆေးရုံကြီးမှာ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရပါတယ်။ 

ပရိသတ်တွေချစ်ခင်အားပေးခဲ့ရဲ့ ဦးမေတ္တာဟာ အဆုတ်ထဲသို့ ရေနှင်သွေးဝင်ရောက်ပြီး ဆီးချိုနှင် သွေးတိုးပါရောနှောစုပြုံနေတာကြောင့် အသက်ရှုကျပ်လာပြီး အရေးပေါ် ဆေးကုသမှုခံယူခဲ့ရတာပဲဖြစ်ပါတယ်။ ဦးမေတ္တာဟာ အဆုတ်ထဲသို့ ရေနှင်သွေးဝင်ရောက်ပြီး ဆီးချိုနှင် သွေးတိုးပါရောနှောစုပြုံနေတာကြောင့် အသက်ရှုကျပ်လာကာ အရေးပေါ် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရပါတယ်။ ဆေးရုံးကုတင်ပေါ်မှာ အရင်လိုမပြုံးနိုင်ပေမယ့် လာရောက်အားပေးတဲ့ ညီတပည့်တွေကို စနောက်ပေးခဲ့တာတွေ့ရပါတယ်။ ဒီကနေ့ ဦးမေတ္တာတက်ရောက်ကုသမှုခံယူနေတဲ့ အာရှတော်ဝင်ဆေးရုံကို ပရိသတ်အချစ်တော် ရွှေညီကိုအဖွဲ့သားတွေသွားရောက်အားပေးခဲ့ကြတာလည်းတွေ့ရပါတယ်။  

အကိုဆရာဖြစ်သူ ဦးမေတ္တာနဲ့ပတ်သက်ပြီး ကိုမျိုးဆွေ(ချာလီ)ကတော့

"(မညိူးပန်းတပွင့်)

ကောင်းကျော်ကပြောပါသည်

အကိုကျန်းမာရေးကြောင့်အာရှတော်ဝင်

ဆေးရုံတင်ထားသည်ဒို့သွားတွေ့ရအောင်လို့

ပြော ဟာ အကိုအကောင်းကြီးကနေဘာဖြစ်

တာလဲ အေး သွားကျတာပေါ့ကွာဆိုပြီး

လူရွှင်တော်တစ်ရှဉ်းချီတက်သည်ပေါ့

ဆေးရုံရောက်တော့အကိုမေတ္တာရဲ့သား

နဲ့တွေ့အခြေနေမေး

ခနနေတော့အကိုမေတ္တာအရေးပေါ်ကုသ

ပေးနေတဲ့အခန်းထဲကျနော်တို့နှစ်ယောက်ကို

ဝင်ခွင့်ပြုပါသည်

ကျနော်ရယ်ကောင်းကျော်ရယ်လဲတွေ့ရော

ကျနော့်ကိုဘလိုင်းကစ်နခမ်းနဲ့လုပ်ပြသည်

သူလှုပ်ရှားနိုင်တာမျက်နှာတခုပါဘဲ

အခန်းထဲအဲယားကွန်းအရမ်းအေးလို့

သူ့အင်ကျီစကိုလည်ပင်းနားထိအသာအယာ

ဆွဲတင်ပေးတာကို အခြောက်မများဖီလင်

တက်သလိုရှု့ခံနဲ့လုပ်ပြတယ်ခင်ဗျ

(အော် ညီတပည့်တွေနဲ့တွေ့တော့သူခံစား

ရတဲ့ဝေဒနာကိုမေ့သွားတယ်နဲ့တူပါတယ်)

အပြန်လမ်းမှာတော့ ကောင်းကျော်နှင့်ကျနော်

ရင်ထဲမှာဆု့ိနင့်စွာနှင့်ဘာစကားမှမပြော

အတွေးကိုယ်စီနဲ့ပေါ့ဗျာ" ရေးသားထားတာတွေ့ရပါတယ်။ အမြဲ စနောက်ပျော်ရွှင်နေတက်တဲ့ ဦးမေတ္တာတစ်ယောက် ရောဂါဝေဒနာတွေအမြန်ဆုံးပျောက်ကင်းဖို့ ဆုတောင်းပေးရင်း လက်ရှိ ဦးမေတ္တာရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - MYO SWE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။