မျက်နှာချိုချို နဲ့ မင်းသား လူပျိုကြီးခန့်စည်သူကတော့ ကိုယ်လုပ်တဲ့အလုပ် တလေးတစား နဲ့ တန်ဖိုးထားလုပ်တတ်သူပါပဲ ။

ခန့်စည်သူ ဟာ ကွယ်လွန်သွားတဲ့ သူရမချစ်ပိုရဲ့ ခင်ပွန်းနေရာက သရုပ်ဆောင်ရမှာဖြစ်လို့ အုတ်ဂူအထိ အရင်ဆုံးအမျှပေးဝေလိုက်တဲ့ပုံပါပဲ။

ဒါ့ကြောင့် မနေ့က ခန့်စည်သူ တစ်ယောက် “နိုင်ငံအတွက် အသက်စွန့်လွွှတ်သွားခဲ့သော သူရဲကောင်း သူရမချစ်ပိုရဲ့ ခင်ပွန်း တပ်ကြပ်လှမောင်အဖြစ် သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက်

ပြင်ဦးလွင်မြို့မှာ ရှိတဲ့ သူရမချစ်ပိုရဲ့ အုတ်ဂူမှာ လေးစားဂုဏ်ယူစွာဖြင့် ယနေ့ညမှာ မေတ္တာပို့ အမျှအတန်းပေးဝေခဲ့လိုက်ပါတယ်။ သူရမချစ်ပို ကောင်းရာသုဂတိလားပါစေ” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဆုမွန်ကောင်းတောင်းလိုက်တဲ့ပုံပါပဲ။

ခန့်စည်သူ ပါဝင်မယ့် အဲ့ဒီဇာတ်ကား ဘယ်လိုဇာတ်ကားမျိုးလဲဆိုတာမသိသေးပေမယ့် မင်းသမီးစိုးမြတ်သူဇာလည်း ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။ 

သတင်းအရင်းမြစ် Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။