တိရစ္ဆာန်တွေမှာ အသိတရားဆိုတာရှိပါတယ်...အာ့ကြောင့်ပဲ သူတို့က လူတွေကို ကူညီတက်ကြပါတယ်။ ခွေးတွေ နွားတွေ့ပဲကြည့်ပါ.... အနည်းနဲ့အများတော့ သူတို့ဟာ လူတွေကို ကူညီတက်ကြတာပါပဲ။ တချို့သားရဲတရိစ္ဆာန်တွေလဲ တခါတလေ လူတွေကို ကူညီတက်ကြတာပါပဲ။ ဒါပေမဲ့ အဲ့လိုအဖြစ်မျိုးက ကြုံတောက်ကြူံခဲပါ။ သူ့တို့က အသားစားတိရစ္ဆာန်လေ...အချိန်တိုင်း လူတွေကို ကူညီနိုင်ပ့မလား....သူတို့လဲ စားချင်မှာပေါ့။ ခုဖြစ်စဉ်မှာတော့ ပြန်ပေးဆွဲခံခဲ့ရတဲ့ကလေးမလေးကို ခြင်္သေ့ရဲ့ကူညီမှုကြောင့်ပြန်လည်ရရှိခဲ့ပါတယ်။ 

Ethiopia ပြည်နယ်က ကျေးလက်ရွာတစ်ခုမှာ လူ၇ယောက်ဟာ ၁၂နှစ်အရွယ်ကလေးမလေးကို ပြန်ပေးဆွဲခဲ့ပါတယ်။ အဲ့ပြန်ပေးဆွဲတဲ့သူတွေက ကလေးမလေးရဲ့ မိဘရန်၊ ရဲတွေရဲ့ရန်၊ ပြီးတော့ အဖမ်းသာခံရရင် ဘယ်လိုလုပ်မှာ စသဖြင့် အကုန်တွေးထားခဲ့ပေမဲ့ ခြင်္သေ့ရဲ့ရန်ကို သူထည့်မတွေးခဲ့ပါဘူး။ သူလည်းမထင်ဘူးလေ...ဘယ်သူမှလဲ မထင်ကြပါဘူး။ အဲ့လူ၇ယောက်အဖွဲ့ဟာ ကလေးမလေးကိုနေရာရွေ့နေချိန် မထင်မှတ်ပဲ ခြင်္သေ့နဲ့ ထိပ်တိုက်တိုးမိပါတော့တယ်။ အာ့နဲ့ အဲ့လူတွေဟာလဲ ကလေးမလေးကို ထားခဲ့ပြီး ကိုယ်လွတ်ရုန်းပါတော့တယ်။

ကလေးမလေးကို အစာအဖြစ်ချန်ထားခဲ့တာပေါ့.....ဒါပေမဲ့ ခြင်္သေ့က သူကိုမစားပါဘူး။ သူနဲ့အတူရှိနေကာ ကစားပေးခဲ့ပါတယ်။ နာရီဝက်လောက်အကြာမှာတော့ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရဲတွေရောက်လာခဲ့ပါတယ်။ အဲ့နောက်မှတော့ ခြင်္သေ့ကြီးက ပြန်သွားခဲ့ပါတယ်။ အာ့နဲ့ပတ်သတ်ပြီး သီအိုရီတွေထွက်လာခဲ့ပါတယ်။ သူတို့ထွက်တဲံသီအိုရီအရ ခြင်္သေ့က သူ့ကိုစားဖို့အဆင်သင့်ဖြစ်နေပေမဲ့ ကလေးမလေးရဲအော်ငိုသံကြောင့် ခြင်္သေ့က အဖြစ်ကိုသိပြီး " တိုးတိုးနေစမ်းပါ....ငါဒီမှာရှိနေပါတယ်... အရာအားလုံးအဆင်ပြေသွားမှာ ဟုတ်ပြီးလား " ဆိုပြီး တိရစ္ဆာန်စကားနဲ့ ပြန်ပြောခဲ့လောက်တာပဲဖြစ်ပါတယ်။ 

Source : Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။