ဆာဂျီရို ရာမို့လို့ဆိုလိုက်တာနဲ့ရီးရဲမက်ဒရစ်အသင်း ရဲ့စပိန်နောက်ခံကစားသမားလို့ပြေးသိကြပါတယ်။ပြိုင်ဘက်အသင်းပရိသတ်တွေရဲ့အမုန်ခံရတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။သူကတော့သူ့အသင်းအနိုင်ရဖို့အတွက်တစ်ဖက်အသင်းရဲ့တိုက်စစ်တွေကိုပြင်းပြင်းထန်ထန်ဖျက်ထုတ်တာကြောင့်အဝါကဒ်တွေ၊အနီကဒ်တွေအမြဲပြခံရတဲ့ကစားသမားတစ်ယောက်ပါ။

ကြမ်းတမ်းစွာဖျက်ထုတ်တာကြောင့်အနီကဒ်တွေအမြဲပြခံရတဲ့ရာမို့ကတော့၂၀၁၈မှာအနီကဒ်တစ်ခါမှပြမခံရတာဖြစ်ပါတယ်။သူကတော့အသင်းအတွက်အရေးပါတဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။အသင်းအတွက်လိုအပ်တဲ့အနိုင်ဂိုးတွေကိုခေါင်းတိုက်ဘောတွေကနေတစ်ဆင့်သွင်းယူနိုင်တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

သူကတော့သူ့ရဲ့ကစားသမားသက်တမ်းတစ်လျောက်မှာအနီကဒ်၂၄ကဒ်ထိပြသခံရတဲ့ကစားသမားလည်းဖြစ်ပါတယ်။အဲ့လိုအနီကဒ်တွေပြခံရတဲ့ရာမို့က၂၀၁၈မှာတော့ထူးထူးခြားခြားမှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့တာပါ။ရာမို့ကတော့လာလီဂါမှာကစားသမားသက်တမ်းတစ်လျောက်ကဒ်ပေါင်း၁၇၃ကဒ်ပြသခံရပြီး၁၉ကဒ်ဟာအနီကဒ်ဖြစ်ခဲ့တာပါ။သူကတော့ပရိသတ်တွေမုန်းခဲ့ပေမယ့်ရီးရဲအသင်းနဲ့စပိန်အသင်းအတွက်တော့မရှိမဖြစ်ကစားသမားကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။

Photo:Ramos

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။