ပရိတ်သတ်ကြီးရေ... ဖိုက်တင်ခန်းတွေဆိုရင် အရမ်းကိုမြိုင်ဆိုင်သွားအောင်သရုပ်ဆောင်နိုင်တဲ့ မင်းသမီးချောလေးယဉ်လတ်ကိုပရိတ်သတ်ကြီးသိမှာပါနော်။ ဖန်စီဆန်ဆန်လေးတွေအရိုက်များတဲ့ရုပ်ရှင်မင်းသမီးတွေကြားထဲမှာတော့ သူမဟာ ရှားရှားပါးပါး အကြမ်းအတမ်းတွေကိုရိုက်နိုင်တဲ့မင်းသမီးလေးပါပဲ။ နုနုနယ်နယ်မျက်နှာလေးနဲ့မလိုက်အောင် အပင်ပန်းခံနိုင်လွန်းတဲ့အတွက် သူမကို ပရိတ်သတ်တွေ အမြဲတမ်းအံ့သြနေခဲ့ကြရပါတယ်နော်။

စနေမဆိုတဲ့ နာမည်နဲ့ ဇာတ်ကြမ်းကားလေးတွေကနေတဆင့် ပရိတ်သတ်တွေအားပေးမှုကိုတစ်ခဲနက်ရရှိခဲ့ပြီး အနုပညာရှင်တွေရဲ့ လက်ခုပ်သံတွေကိုပါရရှိခဲ့ပါတယ်။ ကျရာဇာတ်ရုပ်ကိုအကောင်းဆုံးပုံဖော်နိုင်ပြီး သရုပ်ဆောင်လည်းအရမ်းကောင်းသလို ချစ်ဖို့လည်း ကောင်းလွန်းတဲ့ ဖိုက်တာမင်းသမီးလေးတစ်လက်ဆိုရင်လည်းမမှားပါဘူးနော်။

လတ်တလောမှာ တော့နာရီ တရာ့တစ်ဆယ်ဆိုတဲ့ (၇၄)ကြိမ်မြောက်တပ်မတော်နေ့ကို ဂုဏ်ပြုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။ ဒီဇာတ်ကားရိုက်ရင်းနဲ့ ရေအောက်(၁၇)ပေအနက် သင်္ဘောရဲ့ ပြတင်းပေါက် မှန်ဘောင်ထဲမှာ ကပ်သီးကပ်သပ် တက်ပြီးတော့ ပေါက်ပေါက်ရှာရှာ poseလေးပေးပြီးဓာတ်ဖမ်းခဲ့ပါသေးတယ်။ဒီပုံလေးတွေကို သူမရဲ့ လူမှုစာမျက်နှာပေါ်ကနေတစ်ဆင့်မျှဝေပေးထားပါတယ်။ပရိတ်သတ်ကြီးရေ... ပေါက်ပေါက်ရှာရှာ poseလေးတွေကိုချစ်ဖို့ကောင်းအောင်ပေးပြီးရိုက်ထားတဲ့ သူမရဲ့ အမှတ်တရပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Source : Yin Let

Photo Crd: AY

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။