ပရိတ်သတ်ကြီးရေ...ခေးလေးခင်ဝင့်ဝါဆိုတာ ပုရိသတွေ အချစ်ဆုံးမင်းသမီးလေးတွေထဲကတစ်ယောက်ဖြစ်မယ်ထင်ပါတယ်နော်။ ဘာလို့လဲဆိုတော့ ကလေးလေးလို ဖြူဖြူစင်စင်လေးနဲ့ အရမ်းကိုပဲချစ်ဖို့ကောင်းပြီး သရုပ်ဆောင်လည်းကောင်းလွန်းတာကြောင့်ဖြစ်ပါတယ်နော်။ခေးလေးဟာ စကားပြောရင် အသံလေးကရှတတလေးမို့ တမူထူးခြားပြိး အရမ်းလည်းဆွဲဆောင်မှုရှိပါတယ်နော်။

မော်ဒယ်အနုပညာလောကကနေပြီတော့ ရုပ်ရှင် အနုပညာလမ်းကြောင်းပေါ်ကိုရောက်ရှိလာသူလေးပြီးဖြစ်ပြီး ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေတစ်ခဲနက်အားပေးခြင်းခံခဲ့ရသူလေးဆိုရင်လည်းမမှားပါဘူးနော်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း ရိုက်ကူးထားခဲ့ပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ ကိုယ်စောင့်နတ်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာလည်း ခုထိရုံတင်ပြသနေဆဲပါပဲနော်။

သူမဟာ အခုလတ်တလောမှာတော့ မြို့နယ်အနှံ့မှာ အသစ်ဖွင့်တဲ့ Beauty cityဆိုင်သစ်ဖွင့့်ပွဲတွေကို အဆိုတော် သရုပ်ဆောင်မလေး နန်းစုရတီစိုး နဲ့အတူ သွားရောက်တက်ဖြစ်နေပါတယ်။ ဒီလိုတက်ရောက်တဲ့နေရာမှာလည်း ဖက်ရှင်အသစ်ကလေးတွေကို ဝတ်ဝတ်သွားလေ့ရှိတာကြောင့် ပရိတ်သတ်တွေအချစ်ပိုနေခဲ့ရပါတယ်နော်။ အခုလည်းတောင်ကြီး မှာဖွင့်တဲ့ Beauty City ဆိုင်သစ်ဖွင့်ပွဲလေးကို ခေးလေးတစ်ယောက်ရောက်ရှိနေခဲ့ပြန်ပါပြီနော်။ကဲ... ပရိတ်သတ်ကြီးရေ...ချစ်ဖို့ကောင်းတဲ့ခေးလေးရဲ့ တောင်ကြီးဆိုင်သစ်ဖွင့်ပွဲကပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Khin Wint Wah

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။