ရွှေအခွန် ၁ ရာခိုင်နှုန်းစကောက်တော့မည် ဖြစ်၍ အခွန်မကောက်ခင် ရွှေဝယ်ယူစုဆောင်းသူများပြားလာ

ဖေဖေါ်ဝါရီ ၂၄ ရက်နေ ့က အတည်ပြုခဲ့သော ၂၀၁၇ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ရွှေထည်နှင့် လက်ဝတ်ရတနာဝယ်ယူသူများသည်

ဧပြီ ၁ ရက်တွင် အခွန် ၁ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ပါသည် ။

ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၏ပြောကြားချက်အရ ရွှေထည်များကို ၁၉၉၀ ခုနှစ်ကစ၍ ၅ ရာခိုင်နှုန်း ကောက်ခံဖူးပြီး ယခု

၁ ရာခိုင်နှုန်းကောက်ခံခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ဝယ်ယူသူများထံမှ မည်သည့်ပုံစံဖြင့် အခွန်ကောက်ခံမည်ဆိုသည်ကို လုပ်ငန်းရှင်များနင့် ပြည်တွင်းအခွန်များဦးစီးဌာနတို ့တွေ ့ဆုံဆွေးနွေးထားကြောင်းလည်းသိရှိရပါသည်။

ထိုကဲ့သို ့ဧပြီလမှ စတင်၍ လက်ဝတ်ရတနာများကို အခွန် ၁ ရာခိုင်နှုုန်းကောက်ခံတော့မည်ဖြစ်သောကြောင့် အခွန်မဆောင်မီကာလအတွင်း ရွှေဝယ်ယူ

စုဆောင်းသူများပြားနေခြင်းဖြစ်ပါသည်။

မတ်လ ၁၅ ရက်က ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ရွှေလုပ်ငန်းရှင်များတွေ ့ဆုံပွဲတွင် အခွန်ကောက်ခံမှုနှင့် ပတ်သက်ပြီး မီးလင်းရွှေ (အတုံး) ကို ၅ ရာခိုင်နှုန်း ကောက်ခံမည်ဟု ပြည်တွင်း အခွန်များဦးစီးဌာနက လုပ်ငန်းရှင်များအား ပြောကြားခဲ့ကြောင်း အစည်းအဝေးတက်ရောက်သူများ၏ပြောကြားချက်အရသိရှိရ

သည်။ လက်ဝတ်ရတနာအတွက် ၁ ရာခိုင်နှုန်းကောက်ခံမည်မှာ သေချာပြီဖြစ်ပြီး အတုံးကောက်ရန်အတွက်မူ အတည်မဖြစ်သေးဘဲ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးကျော်ဝင်းက ပြောကြားပါသည် ။

Source: 7daydaily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။