မြန်မာနိုင်ငံရဲ့ ရုပ်ရှင်လောကတစ်လျှောက်မှာ ကောင်းမွန်တဲ့ ရိုက်ချက်တွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှု အရည်အချင်းရှိ အနုပညာရှင်တွေကို ထိုက်တန်စွာဂုဏ်ပြုချီးမြှင့်တဲ့ မြန်မာရုပ်ရှင်အကယ်ဒမီဆုပေးပွဲကြီးကတော့ ပရိသတ်တွေအကုန် ရင်ခုန်စွာနဲ့စောင့်ကြည့်ရတဲ့ ပွဲကြီးတစ်ပွဲပဲ ဖြစ်ပါတယ်။ ယခုနှစ်မှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေ ရုပ်ရှင်လောကသားတွေအတွက် သတင်းကောင်းတစ်ခုဖြစ်တဲ့ ထူးချွန်တဲ့ အနုပညာရှင်တွေကို ထိုက်တန်စွာဆုချီးမြှင့်ပေးအပ်မယ့် အခမ်းအနားတစ်ခုဖြစ်တဲ့ Star Awards ဆုပေးပွဲကြီးကို ကျင်းပသွားမှာဖြစ်ပါတယ်။

အဆိုပါပွဲကြီးကိုတော့ သတင်းစာဆရာအသင်းက ဦးစီးကျင်းပတာဖြစ်ပြီး ယခုလက်ရှိ ၂၀၁၈မှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲကမှ အကောင်းဆုံးသောဇာတ်ကားတွေကို စံကာတင်ရွေးချယ်ပြီး ဆုများကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ Star Awards ဆုပေးပွဲကြီးနဲ့ ပတ်သတ်ပြီး စာနယ်ဇင်းရှင်းလင်းပွဲကိုတော့ ဇန်နဝါရီ (၉) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ရုပ်ရှင်နယ်ပယ်အသီးသီးမှ အနုပညာရှင်များ ဒါရိုက်တာများ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

၂၀၁၈မှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီး (၈၃)ကားရှိတဲ့ ထဲကမှ စံကာတင်(၂၃)ကားကို ရွေးချယ်ပြီးသွားပြီဖြစ်ပါတယ်။ အဆိုပါဇာတ်ကားတွေထဲကမှ အကောင်းဆုံးသော သူတွေကိုရွေးချယ်ပြီး ဆုတွေကို ပေးအပ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ပရိသတ်တွေနောက်ထပ်ရင်ခုန်ရမယ့် Star Awards ဆုပေးပွဲ အခမ်းအနားကြီးကို လာမယ့် ဧပရယ်လ (၅) ရက်နေ့မှာ စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပရိသတ်တွေ နှစ်တိုင်းစောင့်မျှော်နေရပြီး ရုပ်ရှင်လောကသားတွေရဲ့ ရင်အခုန်ရဆုံး ပွဲတစ်ခုဖြစ်တဲ့ မြန်မာရုပ်ရှင် အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးကိုတော့ မတ်လ (၂၃) ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Source:Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။